ကြည့်မြင်တိုင် တရားရုံးအနီး ဗုံးတွေ့လို့ စစ်တပ်က လမ်းပိတ်ဖောက်ခွဲ

ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ် တရားရုံးအနီးမှာ ဒီကနေ့ အောက်တိုဘာ (၁၅)ရက်မနက်ပိုင်းက ဗုံးတွေ့လို့စစ်တပ်က လမ်းပိတ်ပြီး ဖောက်ခွဲဖျက် ဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“တရားရုံးနားမှာ ဗုံးလို့ထင်တဲ့အထုပ် တစ်ထုပ် တွေ့လို့ စစ်တပ်ကိုအကြောင်း လိုက်တာ၊စစ်တပ်က ရောက်လာပြီးကြည့်တော့ ဗုံးဖြစ်နေတာကြောင့် အနီးနားတွေကိုဖယ်ခိုင်းပြီး ဖောက်ခွဲလိုက်တာ”လို့ ကြည့်မြင်တိုင်တရားရုံးအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒီမပေါက်ကွဲသေးတဲ့ဗုံးကို စစ်ကောင်စီတပ်က ကြည့်မြင်တိုင်ကမ်းနားလမ်း လမ်းမကြီးကိုပိတ် ဆို့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်လို့ လူထိခိုက်ဒ ဏ်ရာရရှိတာမျိုးမရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကမ်းနားလမ်းတလျှောက်ကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင် နေတယ်လို့လည်း အငှားယာဥ်မောင်းတချို့က ပြောပါတယ်။

တွေ့ရှိခဲ့တဲ့ ဗုံးဟာကြည့်မြင်တိုင် တရားရုံးခွဲ ကိုဖောက်ခွဲတိုက်ခိုက်ဖို့ စီစဉ်ထားတာဖြစ်နိုင် တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။အဲ့ဒီ ဗုံးတွေ့ရှိမှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေး တပ်ဖွဲ့တွေကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အာဏာရှင် ဆန့်ကျင် ရေး တော်လှန်တိုက်ပွဲဝင်နေသူတွေနဲ့ပြည်သူ တွေ ကိုမတရား တဲ့အမိန်တွေချမှတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးတွေဟာလည်း မြို့ပြပြောက် ကျားတပ်ဖွဲ့တွေရဲ့ပစ်မှတ်တွေဖြစ်လာပြီး မကြာ ခဏ ဖောက်ခွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။

ကြည့်မြင်တိုင်တရားရုံးကိုလည်း အခုနှစ်ဆန်းပိုင်းမှ ာ မြို့ပြပြောက်ကျားအဖွဲ့တခုက ဖောက်ခွဲတိုက် ခိုက်ခဲ့ပေမယ့်တရားရုံးရှေ့မှာပေါက်ကွဲတာဖြစ်လို့ လူနဲ့အဆောက်အအုံတွေထိခိုက်တာမရှိခဲ့ပါဘူး။

Photo – ကြည့်မြင်တိုင်မြို့နယ် တနေရာ