မြင်းမူမြို့ပေါ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ် တပ် နေရာနှစ်ခုကို ဒီကနေ့ အောက်တိုဘာ (၁၄) ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ က တာဝန်ရှိ သူတစ်ဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းပုန်းဝပ်ရာနေရာတစ်ခုဖြစ် တဲ့ မြင်းမူမြို့စာသင်ကျောင်း အနီး တစ်နေရ ာနဲ့ မြင်းမူ မြို့မြန်မာ့စီးပွားရေးဘဏ်က စစ် ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်ကို Drone နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။

‘ကင်းပုန်ဝပ်တဲ့နေရာမှာလည်း ပေါက်ကွဲတယ်၊ နောက် ဘဏ်နားလေးကလည်း ပေါက် ကွဲတယ်“ လို့ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုတွေ အောင်မြင်ပေမယ့် စစ်ကောင် စီ တပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်အသေပျောက် စာရင်းကို အတည်ပြုနိုင် ဖို့ အခက်အခဲတွေရှိလို့ အထိအခိုက်စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“အန္တရယ်ကြားထဲကနေလုပ်ရတဲ့အခါကျတော့ ထိ ခိုက်တာတွေ ဒဏ်ရာရတာတွေ သေဆုံးတာတွေ ကျွန်တော်တို့ အတည်တော့ မပြုနိုင်ဘူးပေါ့၊ အဲ့လို ဖြစ်ပြီး ပြီဆိုရင် သူတို့က တစ်ခါတည်းလမ်း တွေပိ တ်ပြီး သူတို့ဘာသူတို့ အသာလေးပဲ လျှို့ဝှက်စွာ လုပ်သွားတာဆိုတော့ သတင်းမသိရဘူးဖြစ်တယ်” လို့ သူကရှင်းပြပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေဟာ မုံရွာ-မ န္တလေး လမ်းမကြီး မြင်းမူနယ် နားတစ်ဝိုက်မှာ ကင်းပုန်းဝပ်တာ တွေရှိသလို မြောင်ဘက်မှာလည်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်လှုပ်ရှားနေတာတွေလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

Zerro ပြောက်ကျားတပ်ဖွဲ့ဟာ မနေ့က အောက်တိုဘာ ၁၃ ရက် မှာလည်း စစ်ကောင်စီ ရဲ့ ရဲတပ်ဖွဲ့ ဝင်တွေ အရက်ထိုင်သောက်နေတဲ့ နေရာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ရဲတစ်ချို့ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။