တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်း လုံးမြို့နယ်)က ဒီကနေ့အောက်တိုဘာ (၁၃)ရက် ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)အဖွဲ့ဝင်တွေဟာ “ငါတို့ခေတ်ငါတို့ သွေး သား နဲ့တည်ဆောက်မယ်”ဆိုတဲ့ဘန်နာကိုင်ဆွဲပြီး လောင်းလုံးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ကော်မ တီရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အာဏာရှင်လူတစ်စုရဲ့ အာဏာရူး မက်မောမှုကြောင့် ကျွန်တော်တို့ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ဟာ အ မှောင်မိုက်ဆုံးအချိန်ကို ရောက်ခဲ့ရတယ်”လို့ အခြေခံပညာကျောင်းသားများသပိတ် ကော်မတီ (လောင်းလုံး မြို့ နယ်)ရဲ့ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။
ဒါကြောင့် ကျောင်းသားထုရဲ့ အခွင့်အရေးတွေကို စစ်ကောင်စီက မတရားဖိနှိပ်ချုပ်ချယ်နေတဲ့အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။
အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)အနေနဲ့ အခုလို စစ်အာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာ အကြိမ်လေးဆယ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၇ရက်ကလည်း လောင်းလုံးမြို့နယ် အ တွင်းက ကျေးရွာအချို့ကို ချီတက်ဆန္ဒပြလှုပ်ရှားမှုမှာလည်း အမျိူးသမီး၊LGBTအဖွဲ့တွေအတူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးတာတွေရှိပေမယ့် ထား ဝယ် ခရိုင်အတွင်းမှာ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ၊ထားဝယ်ခရိုင်ပင်မသပိတ်စစ်ကြောင်းတို့ အပါ အဝင် မြို့ပြတော်လှန်ရေး အင်အားစုအဖွဲ့အစည်းတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင် နေကြတာဖြစ်တယ်လို့သိရပါတယ်။