စစ်ကိုင်းတိုင်းအတွင်းက အဆောက်အအုံနဲ့ နေရာဒေသ သုံးဆယ်ကို ရှေးဟောင်းအမွေအနှစ်တွေအဖြစ် NUG သတ်မှတ်

Photo – Google

စစ်ကိုင်းတိုင်းအတွင်းက ရှေးဟောင်းမြို့တွေအပါအဝင် အဆောက်အအုံတွေနဲ့ နေရာဒေသ စုစုပေါင်း သုံးဆယ် ကို ရှေးဟောင်း အမွေအနှစ်တွေအဖြစ် NUG ကသတ်မှတ်လိုက်ပြီး အဲ့ဒီနေရာတွေမှာ စစ်ရေးတိုက်ခိုက်မှုတွေ လုပ် တာ၊ ထိခိုက်ပျက်စီးစေတာတွေကို အရေးယူမယ်လို့ ဒီကနေ့အောက်တိုဘာ (၁၃)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း (၁၇)မြို့နယ်က ဘာသာရေး၊ယဉ်ကျေးမှု၊ သမိုင်းအထောက်အထားနဲ့ ဒေသဆိုင်ရာ အထိမ်း အမှတ် နေရာတွေကို ကြားကာလအမွေအနှစ်တွေအဖြစ်သတ်မှတ်ကြောင်း NUGရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာ လစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်တာပါ။
ကြားကာလအမွေအနှစ်တွေအဖြစ် NUG က သတ်မှတ်ကြေညာလိုက်တဲ့အထဲမှာ ဟန်လင်း၊ကလေး၊အမြင့်၊ အနိမ့်၊ စစ်ကိုင်းနဲ့ ရွေဘိုစတဲ့ မြို့ဟောင်းနေရာတွေပါဝင်သလို မင်းကွန်းပုထိုးတော်၊မင်းကွန်းခေါင်းလောင်းနဲ့ ခြင်္သေ့ရုပ် တွေ၊ကောင်းမှုတော်ဘုရား စတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဝက်မစွပ်ကျောင်းတိုက်၊မင်းကျောင်း(ရွှေစကားဘုရား)ကံရုပ်စုံကျောင်း၊စစ်ကိုင်းရုပ်စုံကျောင်း ရွှေဘ တောင်၊ဖိုဝင်တောင် စတဲ့ နေရာတွေလို သမိုင်းယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံနေရာတွေကိုလည်း NUG ရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းထဲမှာဖော်ပြထားပါတယ်။

အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်တဲ့နေရာဒေသတွေမှာ ကြည်း၊ရေ၊လေ စစ်ဆင်ရေးတွေပြုလုပ်တာ၊ စစ်ရေးအတွက်စခန်းနေရာချတာ ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မီးရှို့တာ၊ ဖျက်စီးတာ ၊ ခိုးယူ ရောင်း ချ ကုန်သွယ်တာ ၊ ပြုပြင် ပြင်ဆင်မွမ်းမံတာ ပုံစံပြောင်းတာ ၊မူလအနေအထားပျက်စီးဖို့လုပ်ဆောင်တာ တွေကို အရေးယူသွားမယ်လို့ဆိုပါတယ်။

တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်း ရေးဥပဒေ (၂၀၁၉) နဲ့ ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေ(၂၀၁၅) အပါအဝင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတို့နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီတားမြစ်ချက်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ ၊ မိရိုးဖလာလုပ်ကိုင်လာတဲ့ဥပဒေ နဲ့အညီ အသက်မွေးမှုလုပ်ငန်းတွေ လက်ရှိတည်ရှိနေမှုအပေါ် သက်ရောက်မှုမရှိဘူးလို့လည်းတပါတည်း ရှင်းလင်းထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းဒေသအနှံ့အပြားမှာ စစ်အာဏာသိမ်းပြီးကတည်းက ခုခံတော်လှန်မှုတွေရှိနေပြီး တိုက်ပွဲ တွေ လည်း လက်ရှိအချိန်အထိ ပြင်းထန်နေဆဲပါ။စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ဒေသအနှံ့ကို လေ ကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာအပြင် မီးရှို့ဖျက်ဆီးမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။