ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အောက်တိုဘာလ (၁၁) ရက်နေ့ညမှာ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက် ဆီမီးထွန်းပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။ “စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မူ့ကြောင့်သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရယ် နွေးဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့အာဇာနည်သူရဲကောင်းတွေအတွက်ဆုတောင်းတာတွေပြုလုပ်တာပါ” လို့သပိတ်ခေါင်းဆောင် တစ်ဦးကပြောပါတယ်။
သပိတ်အင်အားစုဝင်နဲ့ မြို့ခံပြည်သူတွေက နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ပြည်သူတွေ အတွက်ဆုတောင်းပြီး နောက် “ပြည်သူသာ အမိ ပြည် သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ”ဆိုတဲ့စာတန်းကိုကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်ကိုပုံစံအမျိုးမျိုးနဲ့ ပျက်ရက်မရှိ သပိတ်မှောက် ဆန္ဒပြလာတာ စုစုပေါင်း (၆၁၂)ရက်ရှိခဲ့ပြီဖြစ်ပါတယ်။