မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေဖြစ်လာနိုင်တယ်လို့ NUG ယာယီ သမ္မတဒူဝါလရှီးလ သတိပေး

လာမယ့်ကာလတွေအတွင်း မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေဖြစ်လာနိုင်တာကို ကြိုတင်တွက်ဆထားကြ ဖို့လို တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြော ဆို လိုက် ပါတယ်။
ဒီကနေ့ အောက်တိုဘာ (၁၁)ရက်မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက အဲ့ဒီလို ပြောဆိုခဲ့တာပါ။
လာမယ့်တနှစ်တာကာလကို အဆုံးသတ်တိုက်ပွဲကာလအဖြစ် သတ်မှတ်ပြီး တော်လှန်ရေး အရှိန်မြှင့်မယ်လို့ NUG ခေါင်း ဆောင်တွေက ထုတ်ဖော်ပြောဆိုထားသလို ယာယီ သမ္မတကဒီကနေ့ အစိုးရအဖွဲ့အ စည်းအ ဝေးမှာလည်း အခုလို ထပ်မံ သတိပေးပြောဆိုတာဖြစ်ပါတယ်။
“နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော် တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်၊ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန် တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်”လို့ ယာယီသမ္မတကပြောပါတယ်။
စစ်ကောင်စီဟာ သူ့အကျိူးစီးပွားနဲ့ပတ်သက်လာရင် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲ ခြားပဲ ပစ်ခတ်တို က်ခိုက်လေ့ရှိတာကြောင့် မြို့ပြတွေအထိ စစ်ဆင်ရေးနယ်မြေဖြစ်လာနိုင်တာကို ကြိုတင်တွက်ဆထားဖို့ လိုတယ် လို့ ယာယီသမ္မတကဆိုပါတယ်။
စစ်တပ်ဟာသူ့ရဲ့လက်ဝေခံပြည်ခိုင်ဖြိုးပါတီကို သူတို့လိုချင်တဲ့ ပုံစံအတိုင်းအကွက်ဝင်အောင် ခေါင်းဆောင်အ ပြောင်းအလဲတွေလုပ်ပြီး (၂၀၂၃) ခုနှစ်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစားနေတယ်လို့ ယာယီ သမ္မတ ကပြောပါတယ်။
“ရွှေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ်မပြုဘူးဆိုတဲ့အဆင့်ထက်တော့ ကျော်လွန်စဥ်းစားထားမှာဖြစ်တယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
လက်ရှိမှာ အာဏာသိမ်းမူရဲ့ ဘေးထွက်ဆွေးကျိုးတွေဟာ ပိုပိုများလာပြီး နိုင်ငံတကာကပေးတဲ့အကူအညီတွေ စစ်ကောင်စီကိုကျော်ပြီး ပြည်သူလူထုဆီရောက်ရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးကြိုးစား ဆောင် ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။
အမျိုူသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးမှာနိုင်ငံရေးအရရော၊ စစ်ရေးအရပါ ဦးဆောင်မှု ကဏ္ဍမှာ ရှိနေတာကို မမေ့လျော့ဖို့ အဆုံးအဖြတ်တိုက်ပွဲမှာ မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ စနစ်တကျစီမံကွပ် ကဲကြဖို့ ၊နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့လည်း NUG အစိုးရအဖွဲ့ဝင်တွေကို ယာယီသမ္မတကတိုက်တွန်း ပြောဆိုပါတယ်။
“တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ် တယ်၊အမှတ်မထင်တဆစ်ချိုးပြောင်းလဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်၊ဒါကိုသတိထားပြီး သဘောထား ကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျွန်တော်တို့အားလုံးရှေ့ဆက်ကြဖို့လိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။