သံတောင်ကြီးမှာတိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတဲ့ စစ်တပ်က စာသင်ကျောင်းကိုဖျက်ဆီးခဲ့

ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုနယ်ထဲမှာ ဒေသ ကာကွယ်ရေးတပ်ဖွဲဝင်တွေနဲ့တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတဲ့ စစ်တပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာအနီးရွာထဲက စာသင်ကျောင်းနဲ့ အိမ်တွေကို မွှေနှောက်ဖျက်ဆီးခဲ့တယ်လို ရေတာရှည် ပြည်သူ့ကာကွယ် ရေးတပ်မတော် (ရိုးမကျား) တပ်ဖွဲ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

“စာသင်ကျောင်းနဲ့ ကျောင်းဝန်းထဲက အိမ်က ရှိတဲ့ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးသွားတယ်၊ ရွာတောင်ဘက်အစွန်က ဆိတ်တဲကို မီးရှိသွား ပါတယ်၊ လူတွေကိုတော့ သူတိုထိခိုက်အောင်မ လုပ်ရဲကြပါဘူး” လို ရိုးမကျားတပ်ဖွဲ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
သံတောင်ကြီးမြိုနယ်ထဲက ကျောက်တံခါးကျေး ရွာအုပ်စု ကွင်းချောင်းကျေးရွာအောက်ဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာတဲ့စစ်ကောင်စီတပ်နဲ့ ရေတာရှည်မြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃၊ ရိုးမကျားအဖွဲတို အောက်တိုဘာလ ၆ ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးကျဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲဝင်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ တိုက်ပွဲ ကြောင့် ကွင်းချောင်းကျေးရွာက ရွာသား ငါးဆယ် ဝန်းကျင် စစ်ဘေးရှောင်ခဲ့ကြရတယ်လို ရိုးမကျားတပ်ဖွဲရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။