နတ်တလင်းမြို့မှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရပြီး လေးဦးသေ

ပဲခူးတိုင်း (အနောက်ပိုင်း) ပြည်ခရိုင် နတ်တလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ လေးဦးသေပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ် MRF -Nattalin ကထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ်ထဲက ကရင်ဆင်ဆွဲကျေးရွာကို အင်အားနှစ်ဆယ်ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၈ရက်မနက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆွဲတဲ့မိုင်းက အတွဲဆိုတော့ ဆွဲဆွဲချင်းပဲ ခြောက် ယောက်လောက် လဲကျသွားတယ်၊ အဲဒီနောက်မှာ လက်နက်ကြီးပါ ထပ်ထည့်ပေးလိုက်တာ ဒီနေ့သတင်းထောက်လှမ်းတာကတော့ သေတာက ၄ ကောင်ပေါ့၊ ဒဏ်ရာရတာတော့ မနည်းဘူး၊ဒါက ကွန်ဖမ်းလုပ်ထားတဲ့ ‌ကိန်းဂဏန်းလို့ပြောလို့ရပါတယ်”MRF-Nattalin သတင်းပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ နောက်ကြောင်းပြန်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။