ဂန့်ဂေါမြို့နယ် အနီးကပ်တိုက်ပွဲအတွင်း PDFနှစ်ဦးကျဆုံးပြီး ရဲဘက်က အရာရှိတဦးသေ

စစ်ကိုင်းတိုင်း ၊ ဂန့်ဂေါမြို့နယ် ကန်ရွာ နဲ့ ကျွန်းခုန်သာ ရွာကြားမှာ အောက်တိုဘာလ (၉) ရက်နေ့ ညနေ့ (၃)နာရီလောက်မှာ ဒေသခံ PDF ရဲဘော်နှစ်ဦး နဲ့ ကန်ရွာရဲစခန်းကရဲတွေ အနီးကပ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး P DF ရဲဘော်နှစ်ဦးလုံး ကျဆုံးခဲ့ကာ ရဲဘက်ကလည်း အရာရှိတဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ် ။

ကန်ရွာ ရဲစခန်းက ရဲတွေ ၊ ကန်ရွာရဲ့ တောင်ဘက်ကပ်လျှက် ကျွန်းခုန်သာရွာကို အသွားမှာ ဒေသခံ PDF နှစ်ဦးနဲ့ တွေ့ပြီး အခုလို ဖြစ်ပွားခဲံ့တာလို့ သိရပါတယ် ။

” လမ်းမှာတွေ့ပြီးတော့ ရဲတွေက PDF ကလေး တစ်ယောက်ကိုသေနတ်နဲ့နားထင်တေ့ပြီး ဒူးထောက်ခိုင်းတာ။အဲသမာ ကျန်တဲ့ကလေးတစ်ယောက်က မထူးတော့ဘူးဆိုပြီး သေနတ်ထုတ်

ပစ်တော့တာ” လို့ ဒေသခံတဦးက ပြောပါတယ် ။

ကန်ရွာ ရဲစခန်းက ရဲတွေ ၊ ကန်ရွာရဲ့ တောင်ဘက်ကပ်လျှက် ကျွန်းခုန်သာရွာကို အသွားမှာ ဒေသခံ PDF နှစ်ဦးနဲ့ တွေ့ပြီး အခုလို ဖြစ်ပွားခဲံ့တာလို့ သိရပါတယ် ။

“သေတဲ့ရဲအရာရှိက ဝတ်စုံဝတ်လေ့မရှိဘူး။ ညိုညိုထောင်ထောင်မောင်းမောင်းန(နဲ့)။ ဘယ်နှပွင့်လည်းတော့မသိဘူး။ မှန်လို့ရဲစခန်းကားနသယ်တာမှာ စခန်းလည်းရောက်သေလည်းသေပ”လို့ နောက်ထပ်ရွာခံတဦးက ပြောပြပါတယ် ။

 

ပစ်ခတ်မူဖြစ်ပွားပြီးနောက် ကန်ရွာရဲစခန်းကရဲတွေဟာ ကန်ရွာအဝင်လမ်းကို ပိတ်ထားပြီး

ကျဆုံးသွားတဲ့ PDF နှစ်ဦးဟာ အနီးဝန်းကျင်ရွာက ဖြစ်တာကြောင့် ညပိုင်းမှာ လက်တုန့်ပြန်တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့လည်း ဒေသခံတွေက မှန်းဆကြပါတယ်။