ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းတစ်ရာ့ခြောက်ဆယ်ကျော်တိုးလာ

Photo – MOC
၂၀၂၂ – ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် ပထမ သုံးလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ (၁,၃၀၀)ထိ ရှိပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း (၁၆၀) ကျော် တိုးလာတယ်လို့ ISP-Myanmar ရဲ့ စစ်တမ်းတွေအရသိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် အဓိကကုန်သွယ်မှုနေရာ ၆နေရာအတွင်း နဘူလယ်/ထီးခီး ၊ တာချီလိတ် နဲ့မြိတ် စတဲ့ သုံးနေရာမှာ အမေရိကန်ဒေါ်လာ (၁၉၈)သန်းကျော် တက်လာပြီး ကော့သောင်း ၊ မြဝတီ နဲ့ မောတောင် နေရာတွေမှာတော့ (၃၆)သန်းကျော် ကျဆင်းခဲ့ပေမဲ့ လက်ရှိမှာစုစုပေါင်း အမေရိကန်ဒေါ်လာ (၁၆၁)သန်းကျော်ထိ တိုးလာတယ်လို့သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြန်လည်သတ်မှတ်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ခုနှစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၂၀၀၀ကျော် ထိရှိပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှာ သန်း ၁၃၀၀ ကျော် စုစုပေါင်းတန်ဖိုးရှိကာ ၆၆ရာခိုင်နှုန်းနဲ့ အများ ဆုံးရှိနေတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်တည်းက ပိတ်ထားပေမဲ့ အချို့နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေမှာနှစ်ဖက်နားလည်မှုနဲ့ ဖြတ်သန်းသွား လာခွင့် ပြုကာ ကုန်စည်တွေ ပို့ဆောင်တာနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ဝင်ထွက်သွားလာခွင့်ပြုထားတာဖြစ် ပါတယ်။
၂၀၂၂-၂၀၂၃ခုနှစ် မြန်မာ-ထိုင်းနယ်စပ်ကုန် သွယ်ရေးလုပ်ငန်း ပမာဏ တိုးလာပေမဲ့ အရင်နှစ်ကထက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၃၀ ကျော်ဖိုးကျဆင်းခဲ့တာဖြစ်ပါတယ်။
ကုန်သွယ်မှုတွေပြုလုပ်တဲ့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲက မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဧပြီလကစတင်ပိတ်ထားခဲ့ပြီး အမှတ် (၂) ချစ်ကြည်ရေး တံတားကိုတော့ အောက်တိုဘာလ ၁၈ရက်နေ့တည်းက ကိုဗစ်ရောဂါတွေကြောင့် ပိတ်ထားခဲ့တာပါ။
လက်ရှိမှာ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို အောက်တိုဘာလ ၅ရက်နေ့က စတင်ပြီး မနက်(၆)နာရီကနေ ည(၆)နာရီထိ တစ်ရက်တာ ကုန်စည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကိုဖြတ်သန်း ဖို့ စတင်ခွင့်ပြုထားပြီဖြစ်ပါတယ်။