မအူပင်က ရဲနှစ်ဦး ကားတိုက်ခံရပြီး တဦးသေ တဦးပြင်းထန်ဒဏ်ရာရ

ဧရာဝတီတိုင်း မအူပင်မြို့မရဲစခန်းက ရဲနှစ်ယောက်ဟာ အောက် တိုဘာ ၇ ရက်နေ့က ကားတိုက်ခံရပြီး တဦးသေဆုံးကာ ၊ တဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့သိရပါတယ်။
“ကုန်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်တာ။ သူတို့က အရက်မူးပြီး ဆိုင်ကယ်မောင်းလာတာ၊ တစ်ယောက်က နေရာတင် ပွဲချင်းပြီး သေတယ်။ တယောက်က ရန်ကုန်ဆေးရုံမှာ အတွင်း လူနာဖြစ်နေတယ်”လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ တနှစ်ခန့်က မအူပင်မြို့မရဲစခန်းမှာ ကိုယ်ဝန်ဆောင်သည် မတင်မော်လင်းကို မသင်္ကာမှုနဲ့ ရိုက်နှက် စစ်ဆေးရင်း လက်လွန်ခဲ့ကြတဲ့ ဖြစ်စဉ်မှာ အဓိက ပါဝင်သူတွေ ဖြစ်တဲ့ နယ်ထိန်း ရဲတပ်ကြပ် အောင်ဖြိုးမင်း သေဆုံးတာဖြစ်ပြီး ရဲ ဒုတပ်ကြပ် အောင်အောင်က ပြင်းထန်ဒဏ်ရာ ရရှိသွားတာပါ။
ကိုယ်ဝန်ဆောင်သည် မတင်မော်လင်းကို ဝိုင်းဝန်း နှိပ်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြတဲ့ နယ်ထိန်း (၅) ဦး နဲ့ မအူပင်ခရိုင် ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့က အရာရှိ( ၂ )ဦး တို့အနက် သူ့တို့ (၂) ဦးလည်း ပါဝင်တယ်လို့ ရဲတပ် ဖွဲ့နဲ့ နီးစပ်သူတွေက အတည်ပြုပေးပါတယ်။
စည်ပင် အောက်ခြေဝန်ထမ်း တဦးရဲ့ ဇနီး ဖြစ်တဲ့ အသက် (၂၈) နှစ်ရှိ မတင်မော်လင်း ဟာ ကိုယ်ဝန်ဆောင်ထားရချိန်မှာပဲ မြင်မကောင်းလောက်အောင် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ နဲ့ ၂၀၂၁ နိုဝင်ဘာ (၉)ရက်နေ့ညက မအူပင်ဆေးရုံကို ရောက်ရှိလာပြီး သေဆုံးခဲ့ရတာပါ။
သေစဥ်က သူမမှာ ကိုယ်ဝန်( ၄) လ ခန့်ရှိနေပြီး အရွယ်မရောက်သေးတဲ့ လူမမယ် ကလေး( ၃)ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။
“အဲ့ဒီ စခန်းက ရဲအကောင်တွေ ၊ ပြီးတော့စစ် သားအကောင် တွေက ၊ မြို့ခံတွေရဲ့ ကျိန် စာသင့်နေတာ။ ဒီလို အသေဆိုး အဖြစ်ဆိုးတွေနဲ့ တွေ့ ကြမယ့်ကောင်တွေ မသနားဘူး” လို့ အသက် ၅၀ခန့်ရှိ မြို့ခံ အမျိုး သမီး တဦးက DNA ကိုပြောပါတယ်။