စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဆိုတဲ့ ကလေးမြို့ပင်မသပိတ်

 
ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်းနဲ့မြို့နယ်တွင်းကစေတနာ့ဝန်ထမ်းဆရာ၊ဆရာမတွေပူးပေါင်းပြီး ဒီကနေ့ အောက်တိုဘာ (၇)ရက်မှာ “စစ်ကျွန်ပညာရေး သပိတ်မှောင် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဉ်နဲ့ စစ်အာ ဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
 
“စစ်ဘေးရှောင်နေရတဲ့ ကလေးတွေကို ပညာသင်ပေးဖို့ ဆရာ၊ဆရာမတွေသင်တန်းဆင်းတဲ့နေ့မှာ ပူးပေါင်းပြီး လုပ်ဆောင်ကြတာပါ”လို့ သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
အဲ့ဒီသပိတ်လှုပ်ရှားမှုမှာ ဒေသတွင်းပညာသင်ကြားရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုင်ရာတွေ ဟောပြော ခဲ့ကြ တယ်လို့သိရပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိသပိတ်မှောက်လာ တာ ရက်ပေါင်း(၆၀၈)ရက်ရှိပြီဖြစ်ပါတယ်။