စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာအောက်တိုဘာ (၄)ရက်ကစပြီး ဒီကနေ့ အထိ စစ်ကောင်စီတပ်တွေက လေးရက် ဆက်တိုက် ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်စီးတာ ၊ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်း တွေ ယူဆောင်တာတတွေလုပ်နေလို့ ဒေသခံ ပြည်သူတစ်သောင်းကျော်လောက် ထွက်ပြေးတိမ်း ရှောင်နေရ တယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့် လေးရက်အတွင်း စုစုပေါင်း ကျေးရွာ ခုနစ်ရွာက လူဦးရေ တစ်သောင်းလောက် တိမ်းရှော်ငနေရတာဖြစ်တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၄ရက်နေ့က စတင်ကာ ကန့်ဘလူမြောက်ဘက်ခြမ်းက ဇော်ချောင်း ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဝင်ရာက်မီးရှို့ခဲ့လို့ ဇော်ချောင်းရွာအပါအဝင်အနီးအနားက ရွာ လေးရွာ က ပြည်သူတွေ စတင်တိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ (၅)ရက်နေ့မှာလည်း လွင်ကြီးရွာကိုမီးရှို့ခဲ့သလို မနေ့ကတော့ ဇော်ချောင်းရွာကို ဒုတိယအကြိမ်ထပ်မံမီးရှို့ခဲ့သလို သင်တောရွာကိုလည်း ဝင်ရောက်ခဲ့ပြီး ပြည်သူ့နေအိမ်တွေ ကိုဝင်ရောက်မွှေနှောက်သွားတယ်လို့ ဆို ပါတယ်။
“သင်တောရွာကိုတော့ မီးရှို့တာတွေတော့မလုပ်ဘူးဗျ၊အိမ်တိုင်းတော့ လိုချင်တာမွှေနှောက်ရှာဖွေဖျက်ဆီးတာ တွေရှိတယ်လို့ပြောတယ် အပျက်အဆီးအဆုံးအရှုံးကတော့ မသိရသေးဘူးဗျ၊ဇော်ချောင်းရွာရောပေါ့ ၊သူတို့ စစ်ကြောင်းထွက်ရင် ရွာထဲ မိုင်းထောင်တာတွေ လုပ်တတ်တာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ပြီးမှ အတိအ ကျသိရမှာ “ လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သင်တော ရွာကို မွှေနှောက်ဖျက်စီး ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရှေ့မြောက်ဘက်က အောက်တဲ ရွာဘက် ကို ဦးတည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ သူတို့ကို တွန်းလှန်မှုးအများဆုံး ပြုလုပ် နေတဲ့ စစ်ကိုင်းတိုင်း အတွင်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ နေ အိမ်တွေကို မွှေနှောက်တာတွေ တောက်လျှောက်လုပ်နေတာပါ။