ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မွန်မိုင်မှာ ဒီကနေ့ အောက်တိုဘာ ၇ရက်မနက်ပိုင်းက မြန်မာအလုပ်သ မား အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ကာ သေဆုံးခဲ့ကြောင်း မြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေး AAC မဟာမိတ်အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးမဟာ မြန်မာနိုင်ငံ ဇီးကုန်းမြို့နယ် ချောင်းနားကျေးရွာကအသက်(၃၉)နှစ်အရွယ် မချို သက်ဆိုသူဖြစ်ပြီး အငှားအိမ်ခန်းမှာတစ်ဦးတည်းနေထိုင်သူဖြစ်လို့လက်ရှိမှာ မိသားစုနဲ့အဆက် သွယ်မရရှိ သေးဘူး သိရတယ်။
သေဆုံးသွားတဲ့အမျိုးသမီးရုပ်အလောင်းကိုတော့ ထိုင်းအာဏာပိုင်တွေကလာရောက်ယူဆောင်ပြီး ဆေးရုံ ကိုပို့ ကာ ဘာကြောင့်သေဆုံးသွားတယ်ဆိုတာကို စစ်ဆေးနေတယ်လို့ဆိုပါတယ်။
သေဆုံးသူရဲ့နာရေးပြုလုပ်ပေးဖို့ မိသားစုခွင့်ပြုချက်လိုတာကြောင့် AAC မဟာမိတ်အဖွဲ့တွေကလက်ရှိမှာ ဆက် သွယ်ဖို့ကြိုးပမ်းနေတယ်လို့ပြောပါတယ်။
နာရေးပြုလုပ်ပေးဖို့ မိသားစုမရှိတာကြောင့်သက်ဆိုင်ရာမိသားစုဆီကခွင့်ပြုချက်ရရှိဖို့အတွက်သေဆုံးသူ မိသားစု က0853415612 ၊ 0990577498 ၊ 0813066679 ၊ 0661593331 ၊ 0948879992 စတဲ့ ဖုန်း နံပါတ်တွေကို အမြန်ဆုံး ဆက်သွယ်ပေးဖို့ ပြောပါတယ်။