ကလေးမြို့ပင်မသပိတ်အင်အားစုနှင့်ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)အဖွဲ့ဝင်တွေ ပူပေါင်းပြီး အောက်တိုဘာလ (၆) ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူထုလှုပ်ရှားမူမြင့်တက်ရေး သပိတ်ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ မြို့နယ်တွင်းကျေးရွာတွေ မှာ လူထုလှုပ်ရှားမှု မြင့်တက်ရေးအတွက် စည်းရုံးဟောပြောမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီကနေ့သပိတ်မှာလည်း လူထုလှုပ်ရှားမှု အရှိန်မြင့်တက်လာရေးနဲ့ လက်ရှိအချိန်အထိစစ်အာ ဏာရှင်အမြစ်ပြတ် ရေးအတွက် တိုက်ပွဲဝင်ခဲ့ တဲ့ခေတ်အဆက်ဆက်ကျောင်းသားတွေရဲ့လှုပ်ရှားမှုသမိုင်းကို သပိတ်မှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေကိုဟောပြောခဲ့တယ်လို့ သိရပါတယ်။
တက်ရောက်လာတဲ့ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာတွေကိုင်ဆောင်ပြီး ကြွေး ကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ် မှောက်လာတာရက်ပေါင်း(၆၀၇)ရက်ရှိပြီဖြစ်ပါတယ်။
Photo- CJ