ကျောက်ထုအမြောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ မြို့ပေါ်က လူနေအိမ်နှစ်လုံးနဲ့ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီး

Photo-CJ
မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်က တိုက်ပွဲဖြစ်နေတာမရှိဘဲ ဒီကနေ့ အောက်တိုဘာ (၆) ရက် နေ့လယ်ပိုင်းမှာ အကြောင်းမဲ့ လက်နက် ကြီးနဲ့ ပစ်ခတ်လို့ ကျောက်ထုမြို့၊ ဂုံဘိုရပ်ကွက်က လူနေအိမ် နှစ်လုံးနဲ့အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေ သခံတဦးက DNA ကိုပြောပါတယ်။
“ဂုံဘိုရပ်ကွက်ဘက်ကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ငါးချက်‌လောက်ပစ်ခတ်ခဲ့ပါတယ်၊ လူနေအိမ် တချို့ပျက်စီး သွားတယ်၊အပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာတွေကို အခုလိုရည်ရွယ်ချက်ရှိရှိ ရမ်းသန်းပစ်ခတ်မှုတွေကို မကြာခဏ ဆိုသလို ကျူးလွန်နေကြတယ်” လို့ DNA ကအဆက်အသွယ်ရခဲ့တဲ့ ဒေသခံက ပြောပါတယ်။
လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဂုံဘိုရပ်ကွက်အတွင်းက လူနေအိမ် နှစ်လုံး၊ စားသောက်ဆိုင်တစ်ဆိုင်နဲ့ ဆိုင်ကယ်(CBR အမျိုးအစား)တစ်စီးတို့ ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။
ဒီကနေ့ တစ်ရက်တည်းမှာပဲ ကျောက်ထုအမြောက်တပ်ဟာ မယ်လယ်ကုန်းရွာကိုလည်း လက်နက်ကြီးသုံး ချက် ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အခုရက်ပိုင်းအတွင်းထီးလင်းနဲ့ ကျောက်ထု မြို့ ကြားက ကျေးရွာတွေကို တစ်ရွာ ဝင်တစ်ရွာထွက် မွှေနှောက် စစ်ကြောင်းထိုးနေပြီး အောင်းရွာ သား နှစ်ဦးဖြစ်တဲ့ ဦးတင်မြင့်နဲ့ ဦးဇော်မင်းနိုင်တို့ကို ဓားစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံ တစ်ဦးက DNA ပြောပါတယ်။
Photo- CJ