မုံရွာမြို့က အိမ်တစ်အိမ်မှာ အစည်းအဝေးလုပ်နေတဲ့ ပျူစောထီးနဲ့  စစ်တပ်ပစ်ခတ်ခံရပြီး ဆယ်ဦးထက် မနည်း သေ

မုံရွာမြို့၊ တိုင်းရုံးများ အနောက်ဘက်လမ်းပေါ်က နေအိမ်တစ်အိမ်မှာ အစည်းအဝေးလုပ်နေတဲ့ ပျူစောထီးနဲ့ စစ် ကောင်စီတပ်သားတွေကို ပစ်ခတ်ခဲ့ပြီး စုစုပေါင်း ဆယ်ဦးထက်မနည်းသေဆုံးတယ်လို့ Chindwin Attack Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

 “အန္တရာယ်များတဲ့ကြားက စွန့်စွန့်စားစားချရတာပဲ၊အထဲမှာ မြို့ပေါ်ခိုးဆိုးလုနှိုက်လုပ်နေတဲ့ ကောင်တွေရော ပါ တယ်” လို့ သူကပြောပါတယ်။

ပစ်ခတ်မှုကြောင့် အစည်းအဝေးလုပ်တဲ့ နေအိမ်ဝန်းကျင်မှာ အစောင့်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ၊ရဲ နှစ်ဦးနဲ့ ပျူစောထီးငါးဦး စုစုပေါင်းဆယ်ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေက တော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ Chindwin Attack Forceက ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုမလုပ်ခင် Chindwin Attack Force ရဲ့ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့က စုံစမ်းထောက်လှမ်း သတင်း ပေးခဲ့တာဖြစ်ပြီး သတင်းပေးပို့ချက်ကိုအတည်ပြုအပြီးမှာ ပျောက်ကျားစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့တာ ဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျည်နဲ့လက်နက်အခက်အခဲကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဆီက လက်နက်ရယူနိုင်တဲ့ အခွင့်အ ရေးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Chindwin Attack Force တပ်ရင်း သုံးခုက အထူးကွန် မန်ဒို တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ( Monywa The Boys)အဖွဲ့က လုပ်ဆောင်ခဲ့တာဖြ စ်တယ်လို့ သိရပါတယ်။

Chindiwn Attack Force ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့စီးပွားရေးတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ် ကောင် စီတပ်နဲ့ မုံရွာစီးပွားရေးဘဏ်က စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်က သေဆုံးမှုတွေရှိခဲ့ပါတယ်။