ရန်ကုန်မြို့နယ်တချို့မှာ ဒီကနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊မရမ်းကုန်းမြို့နယ်၊မြောက်ဒဂုံမြို့နယ်နဲ့လှိုင်မြို့နယ်တွေမှာ ဒီကနေ့ အောက်တိုဘာ နှစ်ရက် ညပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
 
စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ စမ်းချောင်းမြို့နယ်တရာရုံးအနီးမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် တိုင်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ပထမတစ်လုံးက တရားရုံးနားမှာပေါက်တာ၊ပြီးတော့ စစ်ကားတွေရောက်လာပြီး လမ်းမီးပွိုင့်ကို လေးဘက်စ လုံးပိတ်ပြီး နောက်ထပ်မပေါက်ကွဲသေးတဲ့ တစ်လုံးကို တာယာကွင်းတွေနဲ့ပိတ်ပြီးလမ်းလယ်မှာ သူတို့ခွဲ လိုက် တယ်၊ခြောက်နာရီလောက်ကပါ”လို့ စမ်းချောင်းမြို့နယ်၊ကျွန်းအလယ်ရပ်ကွက်နေ ဒေသခံတစ်ဦးက DNA ကိုပြော ပါတယ်။
 
မရမ်းကုန်းမြို့နယ်မှာလည်း ည ၈နာရီခွဲဝန်းကျင်က ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး ပေါက်ကွဲတဲ့နေရာ အတိအ ကျကိုတော့ မသိရသေးဘူးလို့ မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
 
လှိုင်မြို့နယ်မှာတော့ ည ၈နာရီ ခွဲဝန်းကျင်မှာ ရွာမကျောင်းလမ်းနဲ့ ဘုရင့်နောင်လမ်းမကြီးဘက်က ကျယ်လောင် တဲ့ပေါက်ကွဲသံထွက်ပေါ်ခဲ့တယ်လို့ လှိုင် ၁ရပ်ကွက်အတွင်းနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“အသံက ဘူတာရုံလမ်းအောက်ဘက်၊ဘုရင့်နောင်လမ်းမကြီး ဘက်ကထွက်လာတာ၊ပေါက်တဲ့အသံ အကျယ်ကြီး ပဲ၊ပိတောက်ချောင်းရဲစခန်းဘက်က ဖြစ်နိုင်တယ်၊အတိအကျတော့မသိဘူး၊အဲ့ဒီအနီးနားဆိုရင် ရဲစခန်းပဲရှိတာ”လို့ လှိုင် (၁) ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
အလားတူမြောက်ဒဂုံမြို့နယ်မှာလည်း ည ရှစ်နာရီဝန်းကျင်ကပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက် ကွဲမှုတွေကြောင့် ထိခိုက်မှု အခြေအနေနဲ့ ဘယ်အဖွဲ့အစည်းတွေက လုပ်ဆောင်တယ်ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။