ကျောက်ကြီးမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ နှစ်ဦးသေဆုံး၊ငါးဦး ဒဏ်ရာရ

Photo – KNU

KNU တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရတယ် လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ် ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဘောကထာတပ်စခန်းကနေ ဘောကထာကျေးရွာထဲကို စက်တင်ဘာ (၂၉)ရက်ညနေပိုင်းမှာ ပုခုံးထမ်း လောင်ချာ RPG-၇ တစ်လုံးနဲ့ ပစ်ခတ်ခဲ့လို့ အသက် (၆၀) ကျော်ရွာခံအမျိုးသား တစ်ဦးနဲ့ အသက် (၅၀) ကျော်အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက ဘောကထာ ကျေးရွာ ၊ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာတွေက အရပ်သားပြည်သူပေါင်း လေးထောင်ကျော် လောက် ဘေးလွတ် ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာလဆန်းပိုင်းက ကစပြီး KNU တပ်မဟာ(၃) နယ်မြေ ညောင် လေးပင်ခရိုင် အတွင်း ထိုးစစ်ဆင်မှုတွေပြုလုပ်လာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသား ကာ ကွယ်ရေးတပ်ဖွဲ့တို့ နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနှစ်ဘက် ထိခိုက်သေဆုံးမှုများကိုလက်ရှိအချိန်အထိ အတည်မပြု နိုင်သေးဘူးလို့ KNU ကဆိုပါ တယ်။

တိုက်ပွဲပြင်းထန်နေချိန်အတွင်း စစ်ကောင်စီတပ်တွေဟာ ကျောက်ကြီးမြို့နယ်၊ ကဝေါ်မူဒဲကျေးရွာက တောင် ပေါ်နေကရင် တိုင်းရင်းသားလူမျိုးတွေရဲ့ နေအိမ်တွေနဲ့ စားနပ်ရိက္ခာတွေကို မွှေနှောက်ဖျက်စီးတာ၊ အိမ်မွေး တိရိစ္ဆာန်တွေကို ဖမ်းယူစား သောက်တာတွေ ပြုလုပ်သွားတယ်လို့ KNU ကထုတ်ပြန်ပါတယ်။