တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ကကျေးရွာတချို့မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ် ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကစုစုပေါင်း လေးဦးသေဆုံး တယ်လို့ လောင်းလုံး PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ်က ကျောက်နီမော်နဲ့ ကျောက်မတ်တပ် ကျေးရွာတွေကနေ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အဖွဲ့ကို စက်တင်ဘာ (၂၉) ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီဝန်းကျင်ကြာ နှစ်ဘက် အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ လောင်းလုံး PDF ကဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က နှစ်ဦးသေ၊နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူ နှစ်ဦးဟာ တိုက်ပွဲအပြီး ရက်ပိုင်းအတွင်း ထပ်မံသေဆုံးသွားတယ်လို့ လောင်းလုံး PDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို ရှင်းလင်းရေးလုပ်ရာမှာ ကာဘိုင်သေနတ်တလက်၊ (၉)မမ ကျည်နဲ့ပစ်ရတဲ့ လက်လုပ်သေနတ် အတိုတလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ DNA က ဆက်သွယ်မေးမြန်းထားပေမဲ့အဆက်သွယ်မရရှိသေးပါဘူး။ ပျူစောထီးအဖွဲ့ ခေါင်းဆောင် ချစ်စမ်းမောင် ဆိုသူက ဒေသတွင်း ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ အမြဲလိုလို ခြိမ်း ခြောက်ပြောဆိုနေ တာကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို အလျဉ်းသင့်သလို ချေမှုန်းသွားမယ်လို့ လောင်းလုံး PDF ကဆိုပါတယ်။