
ကရင်ပြည်နယ် ကော့လှိုက်ကျေးရွာအနီးချောင်းအတွင်းမှာ ကျေးရွာနေပြည်သူတွေသဘောမတူဘဲ လုပ်ငန်းရှင်က ရွာလူကြီးနဲ့ပေါင်းပြီး သဲ၊ကျောက် ထုတ်နေတာကြောင့် ကမ်းပြိုမှာ စိုးရိမ်နေရတယ်လို့ ရွာခံတချို့က DNA ကိုပြောပါတယ်။
အဲ့ဒီလို သဲ၊ ကျောက်ထုတ်ယူတာ မလုပ်ခင် မြေပြိုမှုတွေလျော့နည်းသွားအောင် ရေလမ်းကြောင်းဖောက်မှာဖြစ် တယ်လို့ ဆိုတာကြောင့် ရွာနေပြည်သူတွေက သဘောတူလက်မှတ်ထိုးပေးခဲ့မယ့် လက်ရှိမှာ သဲ၊ ကျောက်ထုတ်တာဖြစ်နေတယ်လို့ ဆိုပါတယ်။
“လက်မှတ်ထိုးတဲ့ထဲမှာ ပြည်သူလူထုသဘောမတူရင် ဆက်လက်ပြီးမလုပ်ရတဲ့ အကြောင်းပါတယ်” လို့ ကော့လှို က်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေလမ်းကြောင်းဖောက်ပေးမယ်လို့ ကနဦးမှာ ပြောခဲ့ပေမယ့် လက်ရှိ လုပ်ကိုင်နေတဲ့နေရာဟာ ရေလမ်းကြောင်း ဖောက်ဖို့အတွက် ရေရင်းမြစ်ဦးစီးဌာနက သတ်မှတ်ပေးတဲ့နေရာမဟုတ်ဘဲ သဲ၊ကျောက် ထုတ်ရ အဆင်ပြေမယ့် နေရာမှာသာ ပြောင်းလဲလုပ်ကိုင်နေတယ်လို့ သူကပြောပါတယ်။
ရေရင်းမြစ်ဦးစီးဌာနက သတ်မှတ်ပေးတဲ့နေရာဟာ ကျောက်ကြောမရှိတဲ့ နေရာြဖစ်လို့ အခုလို နေရာပြောင်းရွှေ့ လုပ်ကိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ဒါကြောင့် ရွာလူကြီးကတဆင့် ကန့်ကွက်ပြောဆို ပေမယ့် ရွာလူကြီးကလည်း အရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့ဆိုပါတယ်။
မြေပြိုမှုတွေလျော့နည်းသွားအောင်လုပ်မှာဖြစ်တယ်လို့ အကြောင်းပြခဲ့ပေမယ့် လက်ရှိမှာ တနေ့ စက်လှေသုံးစီး အပြည့် သဲ၊ကျောက် ထုတ်နေတာကြောင့် ရွာအနီးဝန်းကျင်မှာ ကမ်းပြိုမှုက အရင်ထက်ပိုဆိုးလာနေတယ် လို့ လည်း ရွာခံတွေက ပြောပါတယ်။
“ရွာက လူကြီးကို ပြောတယ်၊သူတို့နဲ့မဆိုင်ဘူးတဲ့၊ ကြိုက်တဲ့နေရာ မှာ သွားတိုင်လို့ပြောတယ်”လို့ ရွာခံတဦးက ပြောပါတယ်။
ဒါကြောင့် ရွာခံတွေ ကန့်ကွက်နေတဲ့ကြားက သဲ၊ကျောက် ထုတ်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရေရင်းမြစ် ဦးစီးဌာနကို စာပို့တိုင်ကြားထားတယ်လို့သိရပါတယ်။