မြို့ပေါ်အနှံ့လုံခြုံရေးတင်းကျပ်ထားပေမယ့် ပျက်ရက်မရှိဆန္ဒထုတ်ဖော်နေတဲ့ ကလေးမြို့သပိတ်

Photo- CJ

ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီက လုံခြုံရေးတွေအပြည့်ချထားပြီး စစ်ဆေးမှု တွေတင်းကျ ပ်နေ ပေမယ့် ကလေးမြို့သပိတ်အင်အားစုဟာ အောက်တိုဘာ (၁) ရက် ဒီကနေ့ ညနေပိုင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

” အခြေနေကြောင့်အဆင်ပြေတဲ့နားလေးမှာသပိတ်ပင်းအားစုလူတွေနဲ့ပဲလုပ်ဖြစ်တယ်။ အခြေအနေက လုံးဝအ မှားခံလို့မရတဲ့ အနေအထား” လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ရက်ပေါင်း ခြောက်ရာကျော်ခဲ့ပြီဖြစ်ပြီး ဒီကနေ့ဆန္ဒထုတ်ဖော်မူဟာ ( ၆၀၂) ရက်မြောက်နေ့ဖြစ်ပါတယ်။