မတူပီမြို့တိုက်ပွဲမှာ စစ်ကောင်စီက နှစ်ဦးသေ ငါးဦးထက်မနည်း ဒဏ်ရာရ

Photo-CDF Matupi
မတူပီမြို့ မတူပီ- ဟားခါးလမ်း ငလိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ စက်တင်ဘာ ၂၉ရက်ညနေပိုင်းက တိုက်ပွဲဆက် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ CD F-မတူပီ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
မတူပီ-ဟားခါး လမ်းပိုင်းကို စစ်ကောင်စီက စက်တင်ဘာ (၂၄)ရက်ကတည်းက စစ်ကြောင်းထိုးနေလို့ စက် တင်ဘာလ နောက်ဆုံးပတ်အတွင်း အဲ့ဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဆက်တိုက် ဖြစ် နေတာပါ။
“တိုက်ပွဲမရှိရင်တောင် လက်နက်ကြီးနဲ့ တောက်လျှောက် ထုတယ်၊ သူတို့ရှေ့ဆက်တိုးရင် တိုက်ပွဲတော့ ဆက် ဖြစ် အုံးမယ်”လို့ CDF မတူပီ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
မနေ့က တိုက်ပွဲမှာ CDF မတူပီဘက်က အထိအခိုက်မရှိခဲ့ဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီစစ် ကြောင်းနဲ့ CDF မတူပီတို့ဟာ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စုစုပေါင်း (၁၃)ဦးထက်မနည်းသေပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ CDF မတူပီရဲ့ထုတ်ပြန်ချက် တွေကဆိုပါ တယ်။
CDF မတူပီဘက်ကတော့ တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး တဦးအပြင်းအထန်ဒဏ်ရာရထားတယ်လို့သိရပါတယ်။