“ရုရှသမ္မတပူတင် စအိုနာပေါက်နေပြီတဲ့”
ဒီသတင်းကို ပြီးခဲ့တဲ့လပိုင်းအတွင်းကပဲ ကိုရင်တို့ သိုးသိုးသန့်သန့်ကြားခဲ့ကြရတယ်။
ကောလာဟလလား၊ သတင်း မှန်လားဆိုတာကတော့ ဒီအချိန်မှာ ဇလန်စကီကသာ
အတည်ပြုပေးနိုင်မှာပါ။
နောက်ထပ်ကြားရပြန်တာက အဲဒီစအိုနာဟာ ကင်ဆာနောက်ဆုံးအဆင့်ရောက်လို့ ကုရာနတ္ထိဆေးတောင်
မရှိ တော့ဘူးတဲ့။ ရုရှပြည်သူတွေကတော့ ဒီသတင်းသာအမှန်ဆို အားလုံး ခင်မို့မို့အေးတွေ
ဖြစ်ကုန်ကြတော့မှာပဲ။ “တို့ပြည်သူတွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့…ညီတယ်ဟေ့”လို့
ကြွေးကြော်သံတောင် သံပြိုင်ဟစ်ချင်ဟစ်နေကြ ဦးမှာ။
အဲ့လိုဖြစ်တာ ရုရှားပြည်သူတွေတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ တရုတ်ပေါက်ဖော်ကြီးကလွဲ
တစ်ကမ္ဘာလုံးပဲ လို့ ပြောရမယ်။ ပူတင့်ကို ချစ်ကြသူတွေ များတာများပြောပါတယ်။
အဲ…အဲဒီပူတင်ဟာဆိုရင် သူထိုင်နေတဲ့ထိုင်ခုံသက်တမ်းလွန်လာတော့ ရှိတဲ့အာဏာကို အသုံးချပြီး
ထိုင်ခုံသက် တမ်းကို အဓမ္မနည်းနဲ့ ဆွဲဆန့်ပစ်တယ်လေ။ လူတွေကနေပေမယ့် တရားက မနေဘူးဗျ။
နတ်ဒေဝတာတွေက မနေဘူး။ အဲတော့ဘာဖြစ်လဲ။ ဖြစ်တာပေါ့။ အစတုန်းကတော့ စအိုနာအဆင့်ပဲ။
ဒါကိုမှ လက်မလျှော့ပဲ အာဏာကို လက်ကုန်နှိုက်တော့ စအိုကင်ဆာအထိဖြစ်လာတာပေါ့။
ကုရာနတ္ထိဆေးတောင် မရှိတော့ဘူးတဲ့။
အဲ့လိုစအိုနာပေါက်နေတာ ရုရှသမ္မတပူတင်တစ်ယောက်တည်းတော့ ဖြစ်ဟန်မတူဘူးဗျ။
ရှိနိုင်သေးတယ်။ မြောက် ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဆိုလည်း တလောတုန်းက
လူတွေရဲ့မျက်စိအောက်ကနေ ပျောက်ချင်းမလှ ပျောက်သွားသေးမဟုတ်လား။ အဲဒါ သူလည်း
စအိုနာဝေဒနာခံစားရတာပဲဖြစ်မယ်။ သူလည်း သူ့ဖအေ သေပြီး ကတည်းက အရိုက်အရာ ဆက်ခံခဲ့တာ
နှစ်မှမနည်းတော့တာကိုး။
“ငါတို့က ငါတို့နိုင်ငံစည်းမျဉ်းအတိုင်း ထိုင်တာလေ။ ငါမသေမချင်း ထိုင်ခွင့်ရတယ်လေ”ဆိုပြီး
နေလို့မရဘူး။ လူတွေ ကနေပေမယ့် တရားက မနေဘူး။ နတ်ဒေဝတာတွေက မနေဘူး။ ဒီတော့
သူ့ဖင်မှာလည်း စအိုနာပေါက်တော့ တာပေါ့။ အခုတောင် မနည်းကုပြီး လူရှေ့သူရှေ့
ထွက်လာပြနေတာနေမှာ။ ဒါတောင် လမ်းလျှောက်တဲ့အခါသေချာ ဂရုထားကြည့်ကြည့်ပါလား
ဖင်တစ်ခြမ်းစောင်းစောင်းသွားတာ တွေ့ရလိမ့်မယ်။
စအိုနာပေါက်တယ်လို့ သံသယရှိတဲ့ နောက်တစ်ယောက်လည်းရှိသေးတယ်။ ဘယ်သူထင်လဲ။
ဟိုဘက်အိမ်ကပ် လျက်က ပေါက်ဖော်ကြီးပေါ့။ ပေါက်ဖော်ကြီးရှီလေ။ သူလည်း ထိုင်ခုံသက်တမ်းကို
မရမကဆွဲဆန့်ပြီးနေခဲ့တာ ကြောင့် ဖင်မှာ စအိုနာပေါက်နေလောက်ပြီ။
ဒါကြောင့် တလောက လူမြင်ကွင်းကနေ ပျောက်သွားတာလေ။ လူကြားကောင်းအောင်သာ
အကျယ်ချုပ်မိသလေး၊ အဖမ်းခံရသလေးနဲ့ လုပ်ထားတာ။ တကယ်က ထိုင်ခုံပေါ်က မဆင်းလို့
ဖင်မှာအနာတွေ ပေါက်လာတာကြောင့် လူကွယ်ရာမှာ တိတ်တဆိတ် ဆေးကြိတ်ကုနေရတာပဲဖြစ်မှာ။
ဟော…အခုတော့ လူကြားသူကြား လူလုံးထွက်ပြလာပြီလေ။ ဆေးကြိတ်ကုတာလည်း အတော်အသင့်
ပျောက် သလောက်ရှိပြီကိုး။ ဒီတော့ ထွက်လာပြီပေါ့။ သူတို့ ထိုင်ခုံလုသူတွေဟာ အကြာကြီးလည်း
မပျောက်ရဲဘူးလေ။ သူခိုးလက်က သူဝှက်လုဆိုသလို လုယူထားတဲ့ထိုင်ခုံနေရာလေး သူများ ဝင်ဦး၊
ဝင်လု၊ ဝင်တိုက်သွားမှာလည်း ကြောက်ကြသေးတာကိုး။
သူများနိုင်ငံက စအိုနာတွေအကြောင်းချည်း ပြောနေတာ ကိုယ့်နိုင်ငံမှာရော အဲ့လို ထိုင်ခုံမက်လို့
စအိုနာပေါက် သူတွေ မရှိဘူးလားဆို ရှိတာပေါ့လို့ပဲ ဖြေမှာပေါ့။ လတ်တလော ပူပူနွေးနွေးမှာတင်
တစ်ယောက်ပေါ်ထွက် ထားသေးမဟုတ်လား။ ဘယ်သူရှိမလဲ ဖွတ်ပါတီ ဦးသျှောင်ကြီး
မောင်သေးထမ်းလေ။
ဖွတ်ပါတီ ဦးသျောင်၊ ဖွတ်တို့ရဲ့ အရှင်သခင် မောင်သေးထမ်းတစ်ယောက် စအိုနာ ရောဂါစွဲကပ်နေလို့
ဆရာဝန်တွေ နဲ့ပြနေတာ မသက်သာဘူးတဲ့။ ပြလိုက်ရတဲ့ ဆရာဝန်တွေလည်း စုံ၊ ကုလိုက်ရတဲ့
ဆေးတွေလည်း စုံနေပြီဆိုတဲ့ အကြောင်း အထူးအထူးထိပ်တန်းလျှို့ဝှက်စာတစ်စောင်
ထုံးစံအတိုင်းပေါက်ကြားလာပြန်တယ်လေ။
အခုလူတွေကြား သတင်းထွက်နေတဲ့ ခါးနာတယ်ဆိုတာ မဟုတ်ဘူး။ လူကြားကောင်းအောင်သာ
လျှောက်ပြော ထားတာ။ တကယ်ဖြစ်နေတာက စအိုနာ။ စအိုမှ စအိုအလယ်တည့်တည့်မှာ ပေါက်နေတဲ့
အနာတဲ့။
အဲဒီရောဂါဖြစ်တာ အတော်ကြာပြီ။ ပြောရရင် သူ့ဖွတ်ပါတီဥက္ကဋ္ဌထိုင်ခုံသက်တမ်းကျော်ကတည်းက
စဖြစ်လာတာ။ ဆေးတစ်ဖုံသောက်လိုက် ပျောက်သွားလိုက် ပြန်ဖြစ်လာလိုက်။
လိမ်းဆေးလေးလိမ်းလိုက် ပျောက်သွားလိုက် ပြန်ဖြစ်လာလိုက်၊ ဆရာဝန်သွားပြလိုက် ဆေးကုပေးလိုက်
ပျောက်သွားလိုက်၊ တော်ကြာပြန်ဖြစ်လာလိုက်နဲ့ မုန့်လုံးစက္ကူကပ်
လုံးလည်ချာလည်လိုက်နေပါရောလား။ ဘယ်လိုမှကို မပျောက်ဘူး။
ဘယ်ပျောက်မလဲ။ သူလည်း သက်တမ်းလွန်နေတဲ့ထိုင်ခုံပေါ် အတင်းကုတ်ကပ်ထိုင်နေတာကိုး။
သူ့ဖွတ်ပါတီဝင် တွေဖြစ်တဲ့ မောင်နိမ့်တို့၊ ဘုထွက်တို့အပေါင်းအပါတွေကတောင်
အတင်းဆွဲချနေကြမဟုတ်လား။ ပြောရရင် ထိုင်ခုံ သက်တမ်းပြည့်ချိန် မဆင်းဘဲ
ပေတေနေလို့ဖြစ်တဲ့ရောဂါပဲ။ စအိုနာကနေ ရင့်လာရင် ပူတင့်လို စအိုကင်ဆာ အဆင့်ထိတောင်
ရောက်သွားနိုင်တယ်ဗျ။
အခု အဲ့ထိုင်ခုံ သူမထိုင်တော့ဘဲ အခြားသူကို လွှဲပေးနေပြီလို့ကြားတယ်။ မလွှဲလို့လည်းမရတော့ဘူးလေ။
မစားရတဲ့ အမဲ သဲနဲ့ပတ်ဆိုသလို ပါတီဟာတွေ မစားရလို့ (ဆွဲသီးမကို မဆိုလို) တင်းနေတဲ့ မောင်နိမ့်တို့၊
ဘုထွက်တို့က အောက်ကနေ အတင်းထိုးချနေကြပြီလေ။ ဆင်းမပေးရင် ဦးသိန်းစိန်ကြီးဆီက
ဘူဒိုဇာကြီးငှားပြီးတောင် ကော်ချ၊ ထိုးချမယ်တကဲကဲလုပ်နေကြလေရဲ့။
အခုလိုဆင်းပေးလိုက်ပြီဆိုတော့ သိပ်မကြာခင် အဲ့အနာပျောက်သွားမှာပါ။
ကင်ဆာအဆင့်မရောက်တော့ဘူးပေါ့။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆို ဖွတ်ပါတီ ဦးသျှောင်ကြီး
မောင်သေးထမ်းတစ်ယောက် “ဟဲဟဲ…ဟဲဟဲ”နဲ့ လူကြားသူကြား အာဝါဒါးတွေ ပွားလာဦးမှာပါ။
မယုံစောင့်ကြည့်။
အဲ…အဲဒီ မောင်သေးထမ်းလို၊ ကင်ဂျုံအန်လို၊ ပူတင်လို၊ ရှီကျင့်ဖျင်လို ထိုင်ခုံပေါ်ကနေ မဆင်း၊
မတန်မရာ ထိုင်ခုံ နေရာကိုပါမှန်းတဲ့အတွက် စအိုနာ၊
စအိုကင်ဆာဖြစ်လာလတ္တံ့သောသူတစ်ယောက်လည်း ကျုပ်တို့နိုင်ငံမှာ ရှိနေ ပြန်သေးသဗျ။
သူကတော့ … သူကတော့ … ။ ဟုတ်ကဲ့ … သူကတော့ ပရိသတ်ကြီး အယောက်သန်း ၄၀
ရဲ့အဖြေတိုင်း အမှန် ပါပဲခင်ဗျ။ ကျုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး သောင်းလှိုင်သား (ခ) ကြက်စိုး (ခ)
သတ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလပဲဖြစ်ပါတယ်ခင်ဗျ။
အနှီဗိုလ်ချုပ်မှူးကြီးမအလဟာ အခုဆိုရင် စအိုနာစဖြစ်ချိန်ကို ရောက်ပါပြီ။ သူဟာ
ဘယ်ကနေဖြစ်သလဲဆို သတ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ထိုင်ခုံနေရာကို လွှဲအပ်သင့်ချိန်မှာ
မလွှဲအပ်၊ ဖယ်ပေးသင့်ချိန်မှာ မဖယ် ပေး၊ ဆင်းပေးသင့်ချိန်မှာ မဆင်းပေးဘဲ
ဖင်ဂျွတ်စွဲထိုင်လာခဲ့ရာကနေ စတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ခမြာ ရုရှပြေးပြေးပြီး ပူတင့်ဆီကနေ
ဆေးနည်းတွေ တောင်းတောင်းနေတော့တာပေါ့။ အဲ့မတိုင်မီကဆို ပြည်တွင်းမှာ ဆေးမြီးတိုတွေနဲ့
ကြိတ်ကုရတာပေါ့။ ပူတာအိုမှာ သွားကုဖို့အထိ ကြိုးစားခဲ့သေးတယ်။ ဟိုဘက်အရပ်က လာကြည့်
သတ်ပစ်မယ်ဆိုလို့သာ လက်လျှော့ထားခဲ့ရတာ။
ဟော…အခုတော့ သောင်းလှိုင်သား ကြင်စိုး ဗိုလ်ချုပ်မှူးကြီးမအလဟာ စအိုနာအဆင့်ကနေ ပူတင်နဲ့
ထပ်ကြပ် မကွာတဲ့ ကုရာနတ္ထိဆေးမရှိတဲ့ စအိုကင်ဆာနောက်ဆုံးအဆင့်ထိရောက်မယ့်လမ်းကို
လှမ်းနေပါပြီ။ အကြောင်း ကတော့ သူဟာ သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်ခုံနေရာ
လုရတာတင်အားမရဘဲ ရာဇပုလ္လင်ကိုပါ မျက်စောင်းထိုးလာလို့ပဲဖြစ်ပါတယ်။
အနှီထိုင်ခုံမက်တဲ့ ကျုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး သောင်းလှိုင်သား ကြင်စိုး ဗိုလ်ချုပ်မှူးကြီးမအလဟာ
သိပ်မ ကြာခင်ကာလအတွင်း “ပူတင်နဲ့ပြိုင်ဘယ်သူနိုင်”ဆိုတဲ့ ပြိုင်ပွဲကြီးတစ်ခုကို စီရင်ကျင်းပလို့
စအိုကင်ဆာ နောက်ဆုံး အဆင့်ဆီ မနှေးအမြန်တက်လှမ်းလာမယ့်အကြောင်း တိုင်းသူပြည်သား
လူအများအား ကြေညာမောင်းခတ် အသိပေးလိုက်ရကြောင်းပါခင်ဗျား။ ။
ကိုရင်နွေဦး