မုံရွာစီးပွားရေးတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင် ဘာလ (၂၉) ည ၇ နာရီမှာလက်လုပ်လက်နက်ကြီး (၄၀) မမ တွေနဲ့တိုက်ခိုက်လို့စစ်ကောင်စီတပ်သား နှစ်ဦးသေ ဆုံးတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ကို အခြေအနေစောင့်ကြည့်ပြီး အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကပြော ပါတယ်။
“ကင်းတဲထဲကိုကျတယ်၊သေတာကတော့ ဖရဲသီးကနေလည်းသိရတယ်။ အနီးအနားကပြည်သူတွေဆို နာရေးကား နဲ့လာတိုက်သွားတာမြင်မှာပါ” လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Chindwin Attack Force တပ်ရင်း (၂) တပ်ခွဲ (၄) ၊ Fight For People ၊ မုံရွာမြို့ပြပျောက် ကြားတပ်ဖွဲ့တွေဖြစ်တဲ့ ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗြတ်ဝိ နဲ့ Black Rose တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။