ကလေးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၁၂)က အခုလအတွင်းမှာတနိုင်တစ်ပိုင်ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်း တာဝန်ရှိသူတဦးကDNA ကိုပြောပါတယ်။
“အဓိကစိတ်ကူးတာတော့ ကုန်ကျစရိတ်သက်သာဖို့ ပြည်သူတွေအခက်အခဲတွေ ကြားထဲကအလှူခံရတာ အားနာလို့ အတတ်နိုင်ဆုံး ပြည်သူတွေထောက်ပံ့ရသက်သာဖို့၊ လက်နက်ထုတ်လုပ်ရေးပိုင်းမှာရော အဓိက လိုအပ်နေတာ လျှပ်စစ်မီးပါ ” လို့ PDF(Kalay) တပ်ရင်း (၁၂)ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလိုထုတ်လုပ်နိုင်ဖို့ နှစ်ပတ်လောက်အချိန်ယူခဲ့ရပြီး တန်ဖိုးငွေကျပ် လေးသိန်းနီးပါးကုန်ကျခဲ့တယ်လို့ သိရပါတယ်။
PDF(Kalay) အခြေစိုက်တဲ့ ဒေသမြေပြင်အခြေ အနေတွေအရ ဆိုလာနဲ့ မီးသုံးစွဲလို့အဆင်မပြေတဲ့အတွက်တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး တပိုင်တနိုင်ရေအားလျှပ်စစ်ထုတ်နိုင်ဖို့ကြိုးပမ်းခဲ့ကြပြီးအခုလ(၂၇)ရက်နေ့မှာ အရေအားလျှပ်စစ် (၂၀၀၀)ဝပ် လောက်စတင်အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။
အခုလို ရေအားလျှပ်စစ်ကိုအသုံးပြုနိုင်လာတာကြောင့် မီးစက်အတွက်အသုံးပြုရတဲ့ လောင်စာဆီကုန်ကျစရိတ် သက်သာလာမှာဖြစ်တယ်လို့ PDF (Kalay)တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။