စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ရက်ပေါင်းခြောက်ရာတိုင် ပျက်ရက်မရှိ သပိတ်စစ်ကြောင်း ချီ တက်ခဲ့တဲ့ ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းကို NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုမိန့်ခွန်းပေးပို့ခဲ့ပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းချိန်ကစလို့ သိတပ်လှုပ်ရှားမှုတွေ တရက်မပျက် လုပ် ဆောင်နေခဲ့တာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ(၂၉)ရက်မှာ ရက်ပေါင်းခြောက်ရာပြည့် အထိမ်းအမှတ် အဖြစ် ” ရက်ခြောက်ရာပြည့် မှတ်တိုင်တည်၊ဖက်ဒရယ်ပြည်အထိ အတူချီတက်မည်” ခေါင်းစဥ်နဲ့ သပိတ်လှုပ်ရှားမှု လုပ်ခဲ့တာပါ။
ဒီကနေ့ ရက်ခြောက်ရာပြည့်သပိတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် တော်လှန်ရေးကဏ္ဍအသီးသီးကခေါင်းဆောင်တွေက ရုပ်သံမိန််ခွန်းတွေပေးပို့ခဲ့ကြတယ်လို့ သ ပိတ် ဦးဆောင်သူတွေကပြောပါတယ်။
“ဖမ်းဆီးတာတွေ ဖိနိုပ်တာတွေကြားက၊ ရွာတွေကိုမီးရှိုနေတဲ့ကြားက၊ လက်နက်ကြီးတွေနဲ့ ထုနေတဲ့ ကြားက၊ နောက်ဆုံး ညှင်းပမ်းသတ်ဖြတ်နေတဲ့ကြားက ရက်ခြောက်ရာပြည့်အောင်ချီ တက်ခဲ့တာကို ကြည့်ရင် ကျွန်တော်တို့ ကလေးမြို့နယ်ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်မူကို မြင်နိုင်ပါတယ်” လို့ ကလေးမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့သပိတ်လှုပ်ရှားမှုမှာ ကလေးမြို့ခံပြည်သူတွေလည်းတက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံး ခဲ့တဲ့ အာဇာနည် တွေနဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုခဲ့ကြတယ်လို့သိရပါတယ်။
Photo- CJ