ရန်ကုန်မြို့မှာ သံအမတ်ဟောင်းဦးအုန်းသွင် ပစ်ခတ်သတ်ဖြတ်ခံရတာ၊ စစ်ကောင်စီကလုံခြုံရေး ယူထားတဲ့ နေ ရာတွေ ဖောက်ခွဲတိုက်ခိုက်ခံရတာ၊ပစ်ခတ်ခံရတာတွေဖြစ်ခဲ့ပြီးနောက် မြို့နယ်အလိုက်ဧည့်စာရင်းစစ်ပြီး ဖမ်း ဆီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
စမ်ချောင်းမြို့နယ်၊လှိုင်မြို့နယ်၊ကမာရွတ်မြို့နယ်၊မရမ်းကုန်းမြို့နယ်၊အင်းစိန်မြို့နယ်နဲ့တာမွေ၊မင်္ဂလာတောင်ညွန့်မြို့နယ်တွေမှာ စက်တင်ဘာ ၂၈ရက်ညပိုင်းက စစ်ကောင်စီအင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်ခဲ့ပြီး လူငယ်တ ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ညက အင်အားတော်တော်များတယ် လာရှာတာ၊တိုက်ဘေးတွေကိုလည်း ဝိုင်းထားပြီး လက်နှိပ်ဓာတ်မီးနဲ့ထိုးတဲ့ အဖွဲ့၊တိုက်ပေါ်တက်ဧည့်စာရင်းစစ်တဲ့အဖွဲ့နဲ့အများကြီးပဲလာရှာသွားတာ၊တစ်ယောက်တော့အဖမ်းခံလိုက်ရတယ်၊ကားပေါ်တင်သွားတာတွေ့လိုက်ရတယ်”လို့ စမ်းချောင်းမြို့နယ် ပုသိမ်းကြီးလမ်းမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
လှိုင်မြို့နယ်အတွင်းမှာလည်း မြို့နယ်လျှပ်စစ်ရုံးပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီက စက်တင်ဘာ (၂၈)ရက် ညနေပိုင်းကစပြီး လျှပ်စစ်ရုံးဘေးက ကားမှတ်တိုင်ကို ဖျက်သိမ်းကြောင်း ဗွီနိုင်းကပ်ပြီး ခရီးသွား ပြည် သူတွေကိုလည်း သုခမှတ်တိုင်ကနေ ခရီးသည်တင်ကားစီးဖို့ပြောဆိုတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကမာရွတ်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ရက်အတွင်းက လူငယ်အချို့ဆန္ဒပြတာရှိခဲ့ပြီးနောက် စစ်ကောင် စီ တပ်တွေက ဗဟိုလမ်းမပေါ်က လူနေတိုက်ခန်းအချို့ကို အင်အားသုံးဧည့်စာရင်းစစ်ဆေးခဲ့ပြီး အမျိုးသား သုံးဦး ကိုဖမ်းဆီးသွားတဲ့အပြင် ပြိုင်ကားတစီးကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာ (၂၉)ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့နယ်အများအပြားမှာ ယာဥ် စစ်ဆေးတာတွေရှိနေတယ်လို့ အငှားယာဥ်မောင်းတချို့က ပြောပါတယ်။ဒီလို စစ်ဆေးဖမ်းဆီးမှုတွေရှိနေတဲ့ ကြားကပဲ မနေ့ကညအချိန် ရန်ကုန်မြို့၊မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့ပါသေးတယ်။