မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးလုပ်ကာ ပြည်သူတွေကို ဆတ်ကြေးကောက်နေတဲ့ ဒလန်ငမျိုးဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျားအဖွဲ့ (မန္တလေး) က စက်တင်ဘာ (၂၈) ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
“ဒေသခံပြည်သူတွေက တိုင်ကြားထားတာလဲရှိသလို ကျွန်တော်တို့ သေချာစုံစမ်းတဲ့အခါမှာလည်း စစ်ကောင်စီ သတင်းပေး ဒလန်လုပ်နေလို့ အခုလို ရှင်းလင်းရတာပါ”လို့ ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားအဖွဲ့ (မန္တလေး) အဖွဲ့ဝင် ကိုသောကြာက DNA ကိုပြောပါတယ်။
အောင်မြေသာစံမြို့နယ်အနီး ဘောကကြီး ဆိပ်ကမ်းအနီးမှာ မနက်(၇)နာရီဝန်းကျင်က ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနေရာမှာ ပဲသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာပြည်သူတစ်ဦးထိ ခိုက်ဒဏ်ရာရခဲ့လို့ ပြည်သူ့ ကာကွယ်ရေး မြို့ပြပြောက်ကျားအဖွဲ့ (မန္တလေး) ကတောင်းပန်ထားပါတယ်။
ဒဏ်ရာရ ပြည်သူရဲ့အခြေအနေကို စုံစမ်းတဲ့အခါ အရေးပေါ်ကုသရတဲ့အခြေအနေမဟုတ်ဘူးလို့သူကဆို ပါတယ်။ “ ဒဏ်ရာရသွားတဲ့ပြည်သူအတွက်တော့ အနူးညွတ်တောင်းပန်ကြောင်းထပ်လောင်းပြောပါရ စေလို့” ကိုသောကြာ က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားအဖွဲ့ (မန္တလေး)ရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း ဒလန် တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား (၁၇)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဦးနီးပါ းရှိတယ်လို့ အဲ့ဒီအဖွဲ့ က ဆိုပါတယ်။ ဒီအချက်အလက်တွေကို DNA အနေနဲ့ သီးခြားအတည် မပြုနိုင်ပါဘူး။
“ဒလန်တွေကိုရှင်းလင်းတာက တလရ ရဲ့အရေးကြီးတဲ့ အခန်းကဏတစ်ခုပါ၊အဲ့တာကြောင့် လုပ်ဆောင်လို့ ရသမျှ ဆက်လုပ်ဆောင်သွားမှာပါ”လို့ ကိုသောကြာကပြောပါတယ်။