အောင်နိမိတ်အောင်စိတ်

အနင်းခံရတဲ့ မြက် ပိုသန်သတဲ့၊
အကျဉ်းစံရတဲ့ငှက် ပိုပျံနိုင်လိမ့်မယ်။
အခက်အခဲတွေ့က
ဖျက်ခွဲ၍ ပစ်ကြလော့။
ရက်ရှည်ရကောင်းလားလို့
မျက်ရည် မကျနဲ့။
အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ။
အကြောက်သန်၊ အတွေးဖောက်ပြီး
နောက်ပြန် ပြေးပေါက်မရှာနဲ့။
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်။
မာန်ဇွဲတင်း၊ အံခဲရင်း
အလံ မလှဲခြင်း စိတ်ဓာတ်နဲ့
နိမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့။ ။
တင်မိုး
၆-၁၁-၂၀၁၅။