ဧရာဝတီမြစ်အတွင်း မောင်းနှင်လာတဲ့ စစ်ကောင်စီရေယာဉ် ဗုံးသီးနဲ့ တိုက်ခိုက်ခံရ

 
ဧရာဝတီမြစ်ထဲမှာ မိုးကာတွေအုပ်ပြီး သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို လုံခြုံရေး လိုက်ပါပေးနေတဲ့ စစ်ကောင်စီ ရေယာဉ်ကို စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁နာရီက လက်လုပ်အီဂါနာနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Wing of the Irrawaddy က သတင်းထုတ်ပြန်ထားပါတယ်။
 
“စစ်သင်္ဘောကို အရင်သွားတိုက်ခိုက်တာဗျ ၊ စစ်ကောင်စီနဲ့ အတူနေတဲ့ ပျူတွေကိုတော့ နောက်မှသွားတိုက်ခိုက်တာဗျ၊ သူတို့စုနေတဲ့ရွာတစ်ခုကိုပေါ့၊ သင်တန်းဆင်းပြီးသား ပျူတွေနဲ့ စစ်သားတွေအတူနေတဲ့ နေရာကိုသွားတိုက်ခိုက်တာ” လို့ Wings of The Irrawaddy က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
စစ်ကောင်စီနဲ့ အတူရှိနေတဲ့ ပျူတွေကို သွားရောက်တိုက်ခိုက်ရာမှာလည်း ဗုံးသီးတွေနဲ့ ၂ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိခဲ့ပေမယ့် မိမိတို့ဘက်မှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
 
အခုလိုတိုက်ခိုက်တာဟာ Wings of The Irrawaddy နဲ့ CDSOM drone team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။