မတူပီမြို့အနီး တိုက်ပွဲ အကြမ်းဖက် စစ်တပ်က လေးဦးသေ ခြောက်ဦးဒဏ်ရာရ

Photo – CDF Matupi

ချင်းပြည်နယ် မတူပီမြို့အနီး ငလိုင်ကျေးရွာနားမှာအကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ် CDF မတူပီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့တိုက်ပွဲမှာ စစ်တပ်က လေးဦးသေပြီး ခြောက်ဦးဒဏ်ရာ ရတယ်လို့ CDF မတူပီကထုတ်ပြန်ပါတယ်။

“စကစမက အင်အား ၂၀၀ လောက်ထပ်ဖြည့်တယ်၊ သူတို့ဘက်ကလည်းဆက်မတိုးနိုင်သေးဘူး၊ တိုက်ပွဲဆက် တိုက် ဖြစ်တော့ ငလိုင်ရွာ၀န်းကျင်မှာပဲရှိကြသေးတယ်”လို့ CDF မတူပီ တာဝန်ရှိသူတဦးက ဒီကနေ့ ညနေပိုင်းမှာ DNA ကိုပြောပါတယ်။

မတူပီ-ဟားခါးလမ်းဘက်ကို စစ်ကောင်စီက ခြေလျင်အင်အား နှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့ မနက် ၇နာရီဝန်းကျင်ကနေ ၁၀နာရီကျော်အထိ သုံးနာရီလောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ CDF မတူပီကဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း CDF မတူပီဘက်က တပ်ဖွဲ့ဝင်တဦးလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မတူပီမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ လအနည်းငယ်ကြာ တိုက်ပွဲတွေမရှိခဲ့ဘဲ အခုလ (၁၉)ရက်နေ့မှာတော့ မတူပီCDF က မြို့နဲ့နှစ်မိုင်ဝန်းကျင်အကွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်-မတူပီလမ်းကို စစ်ကောင်စီက ပိတ်ဆို့ ထားတဲ့အတွက် လက်တုံ့ပြန်တာလို့ဆိုတဲ့ အဲ့ဒီတိုက်ပွဲမှာာ စစ်ကောင်စီဘက်က ခြောက်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဘက်ကလည်း စစ်ရေးတုံ့ပြန်မှုတွေရှိလာပြီး မတူပီ-ဟားခါးလမ်း ဘက် ကိုစ စ်ကြောင်းထိုးလာတာ ကြောင့် စက်တင်ဘာ (၂၄)ရက်နဲ့ (၂၅)ရက်တွေမှာ မတူပီမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ် ခဲ့ပါတယ်။

အဲ့ဒီနှစ်ရက်ဆက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၇ဦးထက်မနည်းသေပြီး၊ ရှစ်ဦးထက် မနည်းဒဏ်ရာ ရ တယ်လို့ CDF မတူပီက ထုတ်ပြန်ထားပါတယ်။ဒါကြောင့် ဒီကနေ့အပါအဝင် မတူပီမြို့အနီး တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၁၁)ဦးထက်မနည်းသေပြီး (၁၄)ဦးထက်မနည်းဒဏ်ရာရကာCDF မတူပီဘက်ကတော့ တဦးကျဆုံးပြီး တဦး အပြင်းအထန် ဒဏ်ရာရထားပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီက မတူပီမြို့ကို မြို့ပြင် ကျေးရွာတွေနဲ့ အသွားအလာဖြတ် တောက် ထားပြီး မြို့တွင်း ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားပါတယ်။