ပေါက်မြို့နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်တပ်ကတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

Photo- pdf တပ်ရင်း(၇၁၀)

မကွေးတိုင်း၊ပေါက်မြို့နယ်၊ဘုရားတောင်ကျေးရွာကုန်းထိပ်မှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ခံ နေ တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်တပ်က တဦးသေဆုံးပြီးဒဏ်ရာရသူတွေ လည်း ရှိ တယ်လို့ ဒေသခံ PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“ဗုံးသီးက စစ်‌အုပ်စုထိုင်နေတဲ့ခုံပေါ်တည့်တည့်ကျတာ သုံးကောင်ထိတယ်၊ ချက်ချင်းကားပေါ် တင်ခေါ် သွား တယ်”လို့ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အနောက်တောင်တိုင်း တပ်မဟာ(၇) တပ်ရင်း(၇၁၀) တပ်ခွဲ(၁)ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ဥဩကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ကူညီမှုနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်က တပ်သားတဦးသေဆုံးပြီး ဗိုလ်ကြီးတဦးအပါအဝင် နှစ်ဦးပြင်းထန်ဒဏ်ရာရတယ်လို့ သိရကြောင်း ရဲဘော် ဥဩကပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်ခဲ့ပေမယ့် တပ်ရင်းမှာ ကိုယ်ပိုင်ဒရုန်းမရှိတဲ့အတွက် တခြားတော်လှန်ရေး တပ်ဖွဲ့ဆီက ငှား ရမ်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်ဖို့အတွက် ကုညီပေးကြဖို့တိုက်တွန်းတယ်လို့ သူက ဆိုပါတယ်။