ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို မီးရှို့နေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး နှစ်ဆယ်နီးပါးသေ

Photo – Google

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာက နေအိမ်တွေကို မီးရှို့ပြီး ပစ္စည်းတွေ ယူနေတဲ့စစ်တပ်ကို ဒေသ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ နှစ်ဆယ်နီးပါးသေဆုံးတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲမဖြစ်မီမှာပဲ မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ် ကောင်စီတပ်က ရှစ်ဦးသေ ပြီး ထိတွေ့တိုက်ပွဲအတွင်းပစ်ခတ်မှုတွေနဲ့ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် (၁၁)ဦးထပ်မံသေဆုံးတာ ဖြစ် တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KSO နဲ့ KDK အဖွဲ့တွေက ဆိုပါတယ်။

“ရေဦးကလာတဲ့ စစ်ကြောင်းနဲ့ ရွာသစ်ကုန်း‌ေ-ွးခြံ(စစ်တပ်စခန်း)ကကောင်တွေပေါင်းပြီး အင်းပတ်ရွာကိုဝင်မွှေ တာဗျ၊သူတို့စစ်ကြောင်းထိုးလာတာ သိသိချင်း မိုင်းဆင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်လို့” Khin U Dog Killers-KDK တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း စက်တင်ဘာ (၂၄)ရက် မနေ့က မနက်ငါးနာရီလောက်ကတည်းက လက်နက်ကြီး၊ လက် နက်ငယ်တွေပစ်ခတ်ပြီး အင်းပတ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်မိုင်းတွေနဲ့ ကြိုတင် ပြင်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ရှစ်ဦးကျဆုံးသွားပေမယ့် စစ်ကောင်စီတပ်ဟာ မနက် ၁၀နာရီခွဲလောက်မှာ အင်းပတ်ကျေးရွာ အတွင်း ရောက်ရှိခဲ့တယ်လို့သိရပါတယ်။

ကျေးရွာထဲကနေအိမ်တွေကို မီးတင်ရှို့တာ၊ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်တာတွေလုပ်နေတဲ့ စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် မိနစ်လေးဆယ်ဝန်းကျင်ကြာ ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ Khin U Support Organization-KSO အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဟာ ရွာထဲက ပြန်ဆုတ်သွားရပြီး ကာကွယ်ရေးတပ်တွေက ရွာကို ပြန်သိမ်းနိုင်ခဲ့တယ်လို့ KDK-Khin U Dog Killers အဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်းပြောပါတယ်။ရွာထဲက နေအိမ်ရှစ်လုံးလောက်ကတော့ စစ်တပ်ကမီးရှို့လို့ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြန်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းပတ်ကျေးရွာအတွင်းနေအိမ်တွေက ပြည်သူပိုင် ဖုန်း (၁၀)လုံးနဲ့ ဆိုင်ကယ် (၄)စီးကိုလည်း ယူသွားတယ်လို့ KDK အဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။