
ဂန့်ဂေါမြို့အနီးက စိုင်ဒူးကျေးရွာကို မြို့ပေါ် ခ.လ.ရ (၅၀) တပ်က စက်တင်ဘာ( ၂၀) ရက်နေ့ ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ညရှစ်နာရီတောင်မထိုးသေးဘူး၊တဝုန်းဝုန်းဒဒိုင်းဒိုင်းန(နဲ့)ထုကြတော့တာ၊ငါးယောက်မှန်တာမှာ တစ် ယောက်က မျက်လုံး၊ တစ်ယောက်က ပေါင်၊ ကျန်တဲ့ဟာတွေက ခြေလက်တွေရောမှန်တယ်” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရတဲ့ ပြည်သူတွေကို ဂန့်ဂေါမြို့နယ်တောင်ပိုင်း လက်ပန်ကျေးရွာက ကုသိုလ်ဖြစ်ဆေးရုံကို ပို့ ဆောင်ကုသနေတယ်လို့ သိရပါတယ်။
အဲ့ဒီလိဆေးရုံကိုပို့ဆောင်ချိန်မှာလည်း လက်ပန်ရွာအဝင် မြစ်သာကြိုးတံတားက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကအလွန်အကျွံစစ်ဆေးမေးမြန်းနေလို့ အချိန်နှောင့်နေးခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းက စိန်ဒူးကျေးရွာနားက ဖြတ်သွားချိန်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရွာခံတွေ ပိုင်ဆိုင်တဲ့ နွားသုံးကောင် သေဆုံးခဲ့ ပါတယ်။
Photo – CJ (စိန်ဒူးရွာက လက်နက်ကြီးထိမှန်တဲ့ နေအိမ်များ)