ကန်ပက်လက်မှာ ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးသေ

photo- CDF Kanpetlet
ချင်းပြည်နယ်၊ကန်ပက်လက်မြို့နဲ့ မကွေးတိုင်းနယ်စပ် ရွာတရွာနားမှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီစ စ်ကြောင်း တိုက်ပွဲဖြစ်ပြီး စစ် ကောင်စီဘက်က ငါးဦးသေဆုံးတယ်လို့ CDF ကန်ပက်လက် တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ စစ်ကောင်စီ ဘက် က သတင်းရသွားပြီး အင်အား ရှစ်ဆယ်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သူကပြောပါတယ်။
တနာရီဝန်းကျင်လောက်တိုက်ခိုက်ခဲ့ကြတဲ့ အဲ့ဒီတိုက်ပွဲမှာ CDF ကန်ပက်လက်ဘက်က ထိခိုက်မှုမရှိဘဲ စစ် ကောင်စီ ဘက်က သေဆုံးတဲ့ အလောင်းသုံးလောင်းကျန်ခဲ့လို့ သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာမှာ MA ကျည် ၂၀၁ကျော်အပါအဝင် ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်တချို့ သိမ်း ဆည်းရမိခဲ့တယ်လို့ CDF ကန်ပက်လက်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ ကန်ပက်လက်မြို့နဲ့ မကွေးတိုင်းအစပ်က အပေါကျေးရွာနားမှာ ဖြစ်ခဲ့တာဖြစ်လို့ အဲ့ဒီရွာက ရွာခံတွေ အားလုံး စစ်ဘေးရှောင်နေကြရတယ်လို့ CDF ကန်ပက်လက် တာဝန်ရှိသူကပြောပါတယ်။
“တိုက်ပွဲပြီးတော့ သူတို့ဘက်က စခန်းသစ်ဆောက်သလားဆိုတာ စောင့်ကြည့်နေဆဲပဲ”လို့ သူကပြောပါတယ်။