မြောင်းမြမြို့မှာ ရိုဟင်ဂျာ လေးဆယ်ကျော်ဖမ်းမိခဲ့ပြီး သုံးဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

Photo – CJ

ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ညောင်ချောင်းလေးကျေးရွာအုပ်စု ငါးမြင်း​ချောင်းကျေးရွာမှာစက်တင်ဘာ( ၁၉ ရက်နေ့) မနေ့က ရိုဟင်ဂျာလူမျိုး ၄၂ ဦးကို မြောင်းမြရဲစခန်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ် ။

“ရဲစခန်းရောက်နေတဲ့ ရိုဟင်ဂျာတွေ အားလုံးကိုကိုဗစ် ရောဂါပိုး ရှိ၊မရှိ စစ်ဆေးလိုက်တာ ယောကျ်ား (၁) ဦး မိန်းမ (၂) ဦးမှာ ကိုဗစ်ပိုးတွေ့တယ်လို့ ပြည်သူကျန်းမာရေးဌာနကနေ သိရပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။

ည (၁) နာရီလောက် အချိန်မှာ ငါးမြင်းချောင်းအုပ်ချုပ်ရေးမှူးရဲ့ ဆန်စက်အနီးမှာ အမျိုးသမီးတဦးကို တွေ့လို့ ခေါ်ပြီးစစ်ဆေးရာကနေ နောက်ထပ်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသမီး (၁၆) ဦးနဲ့ အမျိုးသား (၂၆) ဦး ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့ကလည်း ပုသိမ်မြို့နယ် ငွေသောင်ယံမြို့နယ်ခွဲ နွယ်ညိုချောင်းကျေးရွာမှာ ရိုဟင်ဂျာ (၃၁) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။