ထီးလင်းမြို့နယ် အညာတောရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီး

Photo – CJ (ဒီနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ အညာတောရွာ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် အညာတောကျေးရွာကိုစစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ (၂၀) ရက် ဒီကနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဝေလေးက DNA ကိုပြောပါတယ်။

“ဂန့်ဂေါမြို့ပေါ်ကနေထွက်လာတဲ့ စစ်ကြောင်းပါ၊ခုထီးလင်းနယ်ထဲဝင်သွားပြီ၊အညာတောရွာကို မီးရှို့တယ်၊ စား နပ်ရိက္ခာတွေဖျက်ဆီးပြီး သူတို့လိုချင်တာတွေယူသွားတယ်” လို့ သူကပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် အညာတောရွာက နေအိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့လို့ ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေနဲ့ စာနနပ်ရိက္ခာတွေလည်း ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စစစ်ကြေင်းဟာ ထီးလင်းမြို့နယ်ထဲကိုမဝင်ရောက်ခင်မှာ ဂန့်ဂေါမြို့နယ်ညောင်လယ်ရွာက ပြည်သူသုံး ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဂန့်ဂေါမြို့နယ်နဲ့ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီက ဒေသ ခံကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက် ခိုက်တာမရှိဘဲ ကျေးရွာပြည်သူတွေကို ပစ်မှတ်ထား စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်းသွားရာ တလျှောက်ကဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။