စစ်အုပ်စုအရာရှိယာဥ်တန်း ရောက်လာပြီး စစ်တပ်က ခင်ဦးမြို့မဈေးကိုပိတ်သိမ်းထား

Photo – CJ

ဒီနေ့စက်တင်ဘာလ ၂၀ ရက် မနက်အစောပိုင်း ၃နာရီလောက်က စစ်အုပ်စုအရာရှိပါတဲ့ သံချပ်ကာ ကားအကြီး သုံးစီး ရေဦးမြို့ကနေ ခင်ဦးမြို့ပေါ်ကို ဝင်ရောက် လာခဲ့ပြီးနောက် စစ်တပ်က ခင်ဦးမြို့မဈေးရှိ စျေးသည်တွေကို ခြိမ်းခြောက်ပြီးဈေးပိတ်သိမ်းထားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

“အဲ့ဒီယာဥ်တန်းလာတဲ့ လမ်းတစ်လျှောက်မှာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီ တပ်သားတွေ ကင်းရှည်ကင်းပုန်းဝပ်ထာတဲ့ကြားက တိုက်မိုင်း ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့စစ်အုပ်စုဘက်က အသေအပျောက် အထိခိုက်ရှိပါတယ်။အတိအကျမသိရသေးပါဘူး။”လို့ဆိုပါတယ်။

ရေဦးကြာပန်းဝိုင်းအနီးမှာ စစ်ကောင်စီတပ်တွေ ဒရုန်းချတိုက်ခိုက်ခံရပြီးနောက် ခင်ဦးအနောက်ခြမ်း ကျေးရွာတွေကိုလက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ထားတယ်လို့ဆိုပါတယ်။

စစ်အုပ်စုတပ်နဲ့လက်အောက်ခံပျူတွေက ရေဦး-ခင်ဦး-ရွှေဘိုလမ်းတစ်​လျှောက် ကင်းရှည် ကင်းပုန်း ဝပ်ထားခဲ့ပြီး ကံသစ်ရွာတွင်း ညအိပ်တပ်စွဲခဲ့ကာဒီနေ့နံနက်ပိုင်းကစ ဘေးပတ်ဝန်းကျင်တလျှောက် လက်နက်ကြီး၊ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။