
တနင်္သာရီတိုင်း၊ မြိတ်မြို့အနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရာရှိလိုက်ပါလာတဲ့ကား ထိ ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“(ရုပ်သံဖိုင်ထဲက)ကားအသေးလေးက အရာရှိကားပါ၊အဲ့ဒီကားမီးလောင်တယ်လို့သတင်းရပါတယ် ၊အတည်တော့ မပြုရသေးဘူး”လို့သူကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်ယာဉ်တန်းဟာ မြိတ်မြို့ဘက်ကနေ ထွက်ခွာလာတာဖြစ်ပြီး ကဒဲကျေးရွာအနီး မှာ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့အတူတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင် တပ်ရင်း(၁)က ရုပ်သံမှတ် တမ်းနဲ့ အတူ ထုတ်ပြန်ထားပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်းမီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အခုထိ အရေးပေါ်တဦးဖြစ်နေပြီး တချို့ထိခိုက်တာရှိပါတယ်၊သေဆုံးမှုတော့ မသိရသေးပါဘူး”လို့ သူကဆိုပါတယ်။
မိုင်းခွဲတိုက်ခွဲအပြီးမှာ မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တဲ့အခြေအနေတော့မရှိပါဘူး ။မြိတ်ခရိုင်တပ် ရင်း(၁)ဟာ စက်တင်ဘာ (၁၅)ရက်နဲ့(၁၆)တွေ ကလည်း ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် သွားရောက်ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကနှစ်ဦးသေပြီး ကာကွယ်ရေးတပ်ဘက်ကတော့ တဦးမစိုးရိမ် ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေဟာ နန်းထိုက်အောင်စစ်ဆင် ရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)အနေနဲ့ လတ်တလောမှာ ဒေသတွင်း စစ်ရေးအရှိန်လျှော့ချတဲ့အနေနဲ့ ရင်ဆိုင် တိုက်ပွဲတွေကို လျှော့ချထားပြီး တခြားသော စစ်ကောင်စီဒေါက်တိုင်တွေကို ဖြိုချတာတွေကိုဦးစားပေးလုပ် ကိုင်နေတယ်လို့ အဲ့ဒီတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။