တမူးမြို့အနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ကလေးမြို့နဲ့ တမူးမြို့ကြား ထန်းတပင်ရွာလမ်းလွဲမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီနေ့ညပိုင်း လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ဒီကနေ့ ၇နာရီဝန်းကျင်က ပစ်ခတ်သံတွေစကြားရပြီး အခုအချိန်အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်လို့ သိရပါ တယ်။
ကလေးကနေ တမူးမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ကြား ဖြတ်တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းက တမူးမြို့အနီးက ရန်လင်းဖိုင်ကျေးရွာကို မီးရှိုခဲ့ တဲ့စစ်ကြောင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်ကဘယ်အဖွဲ့တွေပါဝင်တိုက်ခိုက်နေ တယ်ဆို တာတော့မသိရသေးပါဘူး။
ရန်လင်းဖိုင်ကျေးရွာကို ဒီနေ့မနက်ပိုင်းအစောပိုင်းမှာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲ့ဒီရွာကထွက် လာပြီး မကြာခင်မှာပဲ ရန်လင်းဖိုင်နှင့် နန်းမွန်တား ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
လက်ရှိတိုက်ပွဲဟာ ထန်းတပင်ရွာကနေ လေးမိုင်ဂိတ်အထိရောက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ် တွေက စီးနင်းတိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲ အ ခြေအနေကို DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထိခိုက်မှုတွေနဲ့အသေး စိတ်အချက်အလက်တွေကို သိရှိရခြင်းမရှိသေးပါဘူး။