
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ရန်လင်းဖိုင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ (၁၉) ရက် ဒီနေ့မနက်ပိုင်းမှာ ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့ကနေ တမူးမြို့ဆီလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တမူးဒေသခံကာကွယ်ရေးတပ်တွေ ရန်လင်းဖိုင် ရွာနားမှာထိတွေ့မှု ဖြစ်အပြီးမှာ စစ်တပ်ကရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရန်လင်းဖိုင်က ပထမအကြိမ်မီးရိူ့ခံရပြီးကတည်းက ရွာမှာလူတစ်ယောက်မှကိုမနေကြတော့တာ၊မီးမလောင်သေးတဲ့အိမ်တွေလည်း ဒီတိုင်းပဲရှိနေတာ၊အဲဒီအိမ်တွေကို ထပ်ရှို့တာနေမှာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရန်လင်းဖိုင်ကျေးရွာဟာ တမူးမြို့တောင်ဘက် ဆယ့်နှစ်မိုင်ဝန်းကျင်အကွာ ကလေး-တမူး လမ်းမကြီးဘေးမှာ တည်ရှိပြီးအိမ်ခြေ ၅၀ ဝန်းကျင်သာရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။
အဲ့ဒီရွာကိုစစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိူင် (၂၃) ရက်မှာ ပထမအကြိမ် မီးရှို့ဖျက်ဆီးခြင်းကိုခဲ့လို့ ရွာသူရွာသားတွေဟာ နီးစပ်ရွာကျေးရွာတွေမှာ တိမ်းရှောင်နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။