စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ဂန့်ဂေါ မဲရွာမှာ မီးရှို့ထားတဲ့ အလောင်းနှစ်လောင်းတွေ့

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ ဂန့်ဂေါတောင်ပိုင်း မဲရွာထဲနဲ့ ရွာအနီး တောထဲမှာ သတ်ဖြတ်ပြီး မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းတွေ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာ ကွယ် ရေးတပ်တွေက DNA ကို ပြောပါတယ်။
အဲ့ဒီရုပ်အလောင်း နှစ်လောင်းထဲက တဦးဟာ နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါ တယ်။ ရွာထဲမှာ တွေ့ရတဲ့ရုပ်အလောင်းကတော့ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး နှစ်ဦးလုံးဟာ ရွာခံတွေဖြစ် တယ်လို့ သိရပါတယ်။
“စစ်ကြောင်းလာလို့ထွက်ပြေးတော့ ခြေထောက်ကိုသေနတ်မှန်ပြီး အဖမ်းခံလိုက်ရတာလို့ပြောတယ်၊ သူ့အ လောင်းကို တဲတွေနဲ့အတူမီးရှို့ထားခဲ့တာ၊ကွန်တော့်တပ်ဖွဲ့ဝင်တွေ တွေ့တော့မီးလောင်ထားတဲ့အလောင်းမှာ ခြေထောက်၊လက်အရိုးတွေမရှိဘူး၊တော်တော်နိုပ်စက်ထားခဲ့ပုံပဲ” လို့ ယောဒေသကာ ကွယ်ရေး အဖွဲ့ခေါင်း ဆောင် ကိုယောလေးကပြောပါတယ်။
ရွာအနီးတောထဲမှာ တွေ့ရတဲ့ ရုပ်အလောင်းဟာ မဲရွာသား အသက်(၃၂)အရွယ် ကိုခင်မောင်အေး ဆိုသူဖြစ် တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ (၁၄) ရက်မှာ စစ်ကြောင်းထိုးလာပြီး မဲရွာကနေအိမ် (၁၆) လုံး ကိုမီးရှို့ ဖျက်ဆီးခဲ့တာပါ။စစ်တပ်ပြန်ထွက်ခွာသွားပြီးနောက် ဒီကနေ့မှာ မဲရွာက ရွာသားတစ်ချို့ ရွာထဲ ကိုဝင်ရောက်ရှင်း လင်းချိန်မှာအသက်ငါးဆယ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ရွာခံတဦး မီးလော င်သေဆုံးနေတာကို တွေ့ရ တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းစစ်ကြောင်းထိုးရာမှာ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်နေတဲ့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေကဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ တတ်နိုင်သမျှ ဝေးဝေး ရှောင်ကြဖို့ ဒေသတွင်းကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။