လေကြောင်းက တိုက်ခိုက်ခံရတဲ့ ဒီပဲယင်းမှာ ဆရာမတွေနဲ့ကျောင်းသား နှစ်ဆယ်ဝန်းကျင်ဖမ်းဆီးခံရပြီး သေဆုံးသူ (၁၁)ဦးအထိရှိလာ

photo ဒီပဲယင်းမြိုနယ်စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့
ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ပြီးနောက် ဗုဒ္ဓ ယဉ်ကျေးမှုသင်တန်းကျောင်းတစ်ခုက စေတနာ့ဝန်ထမ်းဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသား (၂၀) ဝန်းကျင်ကို ဖမ်းဆီးသွားတယ်လို့ မြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက DNAကို ပြောပါတယ်။
လက်ယက်ကုန်းကျေးရွာကိုစီးနင်းတိုက်ခိုက်ခံရချိန်ဟာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်း ဖွင့်လှစ်သင်ကြား နေ ချိန်ဖြစ်ပြီး အဲ့ဒီကျောင်း ကိုလည်း စစ်တပ်က စီးနင်းခဲ့ပြီး ဆရာမတွေနဲ့ကျောင်းသားတွေကို ဖမ်းဆီးသွား တာ ဖြစ် တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်ကစီးနင်းတိုက်ခိုက်ချိန်အတွင်း ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကလေး လေးဦးအပါအဝင် ပြည်သူငါး ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း စစ်တပ်ကပဲ ယူဆောင်သွားတယ်လို့ဆိုပါတယ်။
“သိရသလောက်က သူတို့ကျုးလွန်ခဲ့တဲ့ပြည်သူအလောင်း ငါးလောင်းကိုသင်္ဂြိုလ်နေတယ်၊ ကလေးတွေရဲ့
အလောင်းတွေတော့မရလိုက်ဘူး၊သူတို့ယူသွားတယ်”လို့ဒီပဲယင်းမြို့နယ်၊စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကလေးငယ်တွေအပါအဝင် ဆရာမတွေနဲ့အဆက်အသွယ်မရသေးသလို သတ် ဖြတ်ခံရ သူအရေအတွက်ကလည်း စက်တင်ဘာ (၁၇)ရက်ဒီနေ့ နေ့လယ်ပိုင်းအထိ မြေပြင်အတည်ပြုချက် တွေအရ (၁၁) ဦးလောက်အထိ ရှိလာတယ်လို့ ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းက မူးခံတွင်းရွာနဲ့လက်ယက်ကုန်းကျေးရွာအနီးကို စက်တင်ဘာ (၁၆)ရက်နေ့လ ယ်ပိုင်းမှာ စစ်ကောင်စီတပ် အင်အား(၈၀)ကျော်လောက် MI 35 ရဟတ်ယာဉ်တွေနဲ့ ရုတ်တရက် ရောက် လာပြီး ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရွာထဲကိုလည်း စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။
အဲ့ဒီလို အကြောင်းမဲ့ပစ်ခတ်မှုတွေကြောင့် ဒေသတွင်း ကျေးရွာတချို့ကပြည်သူထောင်ချီနေရပ်စွန့်ခွာ တိမ်း ရှောင် နေကြရပြီး လက်ရှိမှာ တိမ်းရှောင်နေရတဲ့ပြည်သူ သုံးထောင်လောက်ရှိနေတယ်လို့သိရပါတယ်။
“ဒေသခံပြည်သူတွေကတော့ ဘယ်သူမှရွာမပြန်ရဲဘူး၊စစ်ကောင်စီဘက်ကလည်း ပြန်လာမယ်ဆိုတာမျိုး ကြားနေရ တယ်”လို့ ဒီပဲယင်းမြို့နယ်၊စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒေသခံကျေးရွာနေပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်နေတာကြောင့် နေထိုင်စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။
ပုံစာ-(စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ်တဦး)