ဟံသာဝတီစည်ပင်ရဲဝန်းထဲက ဗုံးပေါက်ကွဲမှု မြို့တော်ဝန်နဲ့အဖွဲ့ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆို

ကမာရွတ်မြို့နယ်၊ဟံသာဝတီစည်ပင်ရဲဝန်းအတွင်းဗုံးပေါက်ကွဲမှုဟာ စစ်ကောင်စီခန့် ရန်ကုန် မြို့တော်ဝန် ဗိုလ်ဌေးနဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Special Task Agency (STA)အဖွဲ့ကထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိရဲ့ကားနောက်ပိုင်းထိမှန်ပျက်စီးခဲ့ပြီး တခြားထိခိုက်သေဆုံးမှုရှိမရှိကို ဆက် လက်စုံစမ်းနေတယ်လို့လည်း အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်က တော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး DNAအနေနဲ့ STAအဖွဲ့ထံကို ဆက်သွယ်မေးမြန်းပေမယ့်ပြန်လည် ဖြေကြားတာ မရှိ သေးပါဘူး။တိုက်ခိုက်မှုဟာ စက်တင်ဘာ (၁၆ရက်)မနေ့က မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက် ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီဖြစ်စဥ်အနီးဝန်းကျင်အ နီးနား မှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးကိုလည်း စစ်ကောင်စီတပ်တွေက တွေ့ရှိခဲ့တဲ့အတွက် လမ်းပိတ်ဆို့ တာ တွေပြုလုပ်ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့လည်း စည်ပင်ရဲဝန်းအနီးက အိမ်ယာတစ်ခုမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေက နာနတ်တောလမ်းဂုံးတံတာအောက်ကနေ ဟံသာဝတီမီး ပွိုင့် အထိ လမ်းပိတ်တာတွေအပြင် စမ်းချောင်းမြို့နယ်၊ကျွန်တောလမ်းမကြီးတစ်လျှောက်သွားလာနေတဲ့ ယာဥ်တွေ အပြင် ဘတ္ထရီစက်ဘီးတွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို တာဝန်ခံ ထုတ်ပြန်တဲ့ STA အဖွဲ့ရဲ့ကြေညာချက်မှာတော့ လမ်းသွားလမ်း လာတွေထိခိုက်ခဲ့ တယ်ဆိုတာနဲ့ပတ်သက်ပြီးတစုံတရာ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။STA အဖွဲ့ဟာ မည်သည့် နိုင်ငံရေး အင်အားစုတွေနဲ့မှ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းရေးမှာ ပါဝင်လာတာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေ၊စစ်အုပ်စုထောက်တိုင်တွေကို ရှင်းလင်းဖျက်ဆီးတဲ့ လုပ်ငန်းတွေ ကိုဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း အဲ့ဒီအဖွဲ့ကဆိုပါတယ်။