သံအမတ်​ကြီးဦးကျော်မိုးထွန်းကိုထောက်ခံခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

Photo- CJ
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူ တွေဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ (၁၅) ရက် ဒီ​ကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
“ပူးပေါင်းပါဝင်ရတာပျော်တာပေါ့၊​တာဝန်ကျေသလို ဖြစ်သွားတယ်ပေါ့၊ ကျွန်မသိပ်နားမ လည်ပါ ဘူး၊ဒါပေမယ့် ကျမတို့ပြည်သူတွေဘက်က ဦးကျော်မိုးထွန်းက အစောကြီးက ရပ်တည်ခဲ့တာ၊ သူ့ကိုထောက်ခံတာက နှလုံးသားထဲကလာတာ” လို့ သပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ခုရက်ပို င်းအတွင်းမှာ ပိုမိုအားကောင်းလာပြီး စစ်ဆေးမှု တွေ၊လက်နက်ကြီးပစ်ခတ်မှုတွေကြားထဲမှာတောင် မပျက်ကွက်ခဲ့ပါဘူး။
” စည်းရုံးစရာမလိုအောင်ကို သူတို့(ဒေသခံတွေ) က ခေါ်နေတာ၊ လာမလုပ်သေးဘူးလား၊ လာကြ တော့ ဆိုပြီးတော့၊ဒါကြောင့် တချို့ရက်တွေဆို စစ်ကြောင်းနှစ်ကြောင်းခွဲရတယ်” လို့ သပိတ် ခေါင်းဆောင် အမျိုးသမီးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ သူတို့ရဲ့ ၅၈၆ ရက်မြောက် အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ” Accept NUG & Our ambassador, Reject Dictator ” စားတန်းကိုင်ဆောင်ပြီး ကြွေး ကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
Photo CJ