အာဏာရှင်ကိုငြင်းဆန်ပြီး ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကိုလက်ခံရေး မြိုင်တော်လှန်ရေးတပ်ရဲ့ ဓာတ်ပုံကမ်ပိန်း

Photo – MVRF

အာဏာရှင်ကိုငြင်းဆန်ပြီး ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံဖို့ ဓာတ်ပုံကမ်ပိန်းကို မြိုင်မြို့နယ်ကျေးရွာ များတော်လှန်ရေးတပ်ဦး(MVRF)က စက်တင်ဘာ (၁၄)ရက်မနေ့ကပြုလုပ်ခဲ့ပါတယ်။

မြိုင်မြို့နယ်ကျေးရွာ များတော်လှန်ရေးတပ်ဦးတနှစ်ပြည့် အခမ်းအနားကို မနေ့ကပဲပြုလုပ်ခဲ့ပြီး အခမ်းအနား အပြီးမှာ ဓာတ်ပုံကမ်ပိန်းကိုလည်း ထည့်သွင်းပြုလုပ်ခဲ့တာပါ။

လက်နက်မဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို တွန်းလှန်ခုခံနိုင်ဖို့အတွက် MVRF ကို ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတပ်ဖွဲ့ဟာ မြိုင်မြို့နယ်အတွင်း အခြေစိုက်ပြီး ဒေသတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ် ကောင်စီတပ်တွေကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။