စမ်းချောင်း ကျွန်းတော(တောင်)ရပ်ကွက်ရုံး၊ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

Photo- Freeland Attack Force -FLA
စမ်းချောင်းမြို့နယ်၊ကျွန်းတော(တောင်)ရပ်ကွက်၊ပြည်အေးလမ်းအနီးကရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ဒီနေ့ညပိုင်းမှာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ FLAအဖွဲ့ဝင်တစ်ဦးက DNAကို ပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့မဟာမိတ်အဖွဲ့ တွေပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပြီးဒီကနေ့ စက်တင်ဘာ (၁၄)ရက်၊ည ၈နာရီ ကျော်မှာ အဝေးထိန်းမိုင်းနှစ်လုံးပူးပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု နဲ့ထိခိုက်မှုရှိနိုင်ပေမယ့် ဖောက်ခွဲမှုပြီးပြီးချင်း မြို့နယ်ထဲက​ပြန်ထွက်ခဲ့တာကြောင့် အတိအကျတော့ မသိရသေး ဘူးလို့ဆိုပါတယ်။
“အခု ရောက်နေတာ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)န ည်းတာ မဟုတ်တာ၊အတည်မပြုနိင်ဘူးဗျာ အထိအ ခိုက်ရှိမယ်လို့ ထင်တယ်”လို့ FLAအဖွဲ့ဝင် ပြောပါတယ်။
လက်ရှိမှာတော့ ဖောက်ခွဲခံခဲ့ရတဲ့ ရပ်ကွက်ရုံးကို စစ်ကောင်စီတပ်တွေရောက်ရှိနေပြီး အနီးဝန်း ကျင်ကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ဆေးတာတွေတော့လုပ်နေတယ်၊လူထိခိုက်တယ်လို့မကြားသေးဘူး၊အဲ့ဒီနားက ညဘက်ဆိုလူ ​ပြတ်တယ်၊အမှိုက်သိမ်းတဲ့စည်ပင်က လူတွေပဲရှိတာ များတယ်”လို့ ပေါက်ကွဲမှုဖြစ်တဲ့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။
တိုက်ခိုက်မှုကိုတော့ နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Grils Army (EGA) နဲ့ Revolution of 21 Centuryအဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Freeland Attack Force (FLA)အဖွဲ့နဲ့မဟာမိတ် ဖွဲ့တွေဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း စမ်း ချောင်းမြို့နယ်၊ကျွန်းလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါ တယ်။