ပုသိမ်မြို့က အမျိုးသမီး တဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၂)ရပ်ကွက် လယ်တီ (၄)လမ်းမှာ နေထိုင်တဲ့အမျိုးသမီးတဦးဆီမှာ ကိုဗစ်ပိုး ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
“နေမကောင်းလို့ ပုသိမ်ဆေးရုံကြီးကို အဖွဲ့က ကားနဲ့ လိုက် ပို့တာ ဆေးရုံမှာ သူ့ကို Covid Test နဲ့ စစ်လိုက်တော့မှ ပိုးတွေ့တာ”လို့ ပြောပါတယ်။
ကိုဗစ်ရောဂါပိုး ပိုးတွေ့လူနာ အမျိုးသမီးဟာ နေမကောင်း ဖြစ်တာကြောင့် ပုသိမ်ပြည်သူ့ဆေးရုံကို စက်တင်ဘာ ၁၃ ရက်နေ့က တက်ရောက်ကုသဖို့ ရောက်လာလို့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိတာပါ။
ကိုဗစ်ရောဂါ ပိုးတွေ့ အမျိုး သမီး ကို ဆေးရုံလိုက်ပို့တဲ့ ပရဟိတ လူနာတင်ကားမောင်းသူ နဲ့ အမျိုးသား(၃)ဦးဟာ PPE၀တ်စုံ မ၀တ်ခဲ့မိတဲ့အတွက် CovidTest စစ်ဆေးရာမှာတော့ Negative အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာရဲ့ အိမ်နဲ့ ပါတ်ဝန်းကျင်ကို ပရဟိတ အဖွဲ့ဝင်တွေက PPE၀တ်စုံတွေဝတ်ပြီး ပိုးသတ်ဆေးဖြန်းတာ ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေကို သီးသန့်ထားရှိဖို့တွေ လုပ်ပြီးပြီလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောပါတယ် ။
“ရောဂါပိုးတွေ့သူက အခြားမြို့ကို ခရီးသွားတာ မရှိသလို ကိုဗစ်ကာကွယ်ဆေးလည်း အပြည့်ထိုးထားပြီးပြီ ပြောပေမယ့် ထိုးပြီးပြီဆိုတဲ့ လက်မှတ်မပြနိုင်ဘူး”လို့လည်း ဆေးရုံဝန်ထမ်း တဦးက ပြောပါတယ် ။
ဗီဇမျိုးကွဲသစ် ကိုဗစ်ရောဂါကို ကာကွယ်ထိမ်းချုပ် တုံ့ပြန်နိုင်ဖို့ အတွက် သက်ဆိုင်ရာက အစီ အမံတွေ လုပ်သင့်နေပြီလို့ ပုသိမ်မြို့ခံ ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအဖွဲ့အချို့က DNA ကိုပြောပါတယ်။
‌ဧရာဝတီတိုင်းမှာ ၂၀၂၂ ခုနှစ်စက်တင်ဘာ လဆန်းပိုင်း စတင်ပြီး ကိုဗစ်ရောဂါပိုး ရှိသူတွေကို ပြန်လည် တွေ့ရှိလာတာဖြစ်ပြီး တစ်တိုင်းလုံး အနေနဲ့ (၅၀)ဦးရှိနေပြီဖြစ်ကာ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားတဲ့ ကိုဗစ် ၁၉ တတိယလှိုင်းတုန်းက ဧရာဝတီတိုင်းမှာ ပုသိမ်မြို့က ကိုဗစ်ရောဂါပိုး ကူးဆက်ခံမှု အများဆုံးဖြစ်ခဲ့ပြီး​ သေဆုံးသူလည်း အများဆုံးဖြစ်ခဲ့ပါတယ်။
Crd ;ပရဟိတအဖွဲ့