ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး ပြောက်ကျားသပိတ်လုပ်မယ့် လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁၅ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌက DNA ကိုပြောပါတယ်။
“တန်းဖမ်းတဲ့အခြေအနေမျိုးပေါ့၊ရိုက်တယ်၊နှက်တယ်၊ဆဲတယ်ဆိုတယ်၊သူတို့အသံတွေကို ကျွန်တော်တို့ကြားနေရ တဲ့အနေအထားမျိုးလည်းရှိပါတယ်”လို့သူက ပြောပါတယ်။
ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာ (၁၃)ရက် မနေ့ကညနေပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ဖို့စီ စဉ်ထားတာဖြစ်ပြီးသပိတ်စတင်ဖို့ ဘန်နာစာတမ်းဖြန့်လိုက်ချိန်မှာပဲ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖမ်းဆီးခဲတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလိုဖမ်းဆီးရာမှာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာလည်းရှိတာကြောင့် သပိတ်မှာပါဝင်မယ့် လူငယ်တဦး ကျည်ထိမှန်ဒဏ်ရာရ ရှိခဲ့တယ်လို့ ရေဘဝဲအဖွဲ့ ဥက္ကဌကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သပိတ်လုပ်မယ့်မယ့်နေရာမှာ အရပ်ဝတ်တွေ၊အိမ်စီးကားတွေနဲ့ ရုပ်ဖျက်ပြီး နာ ရီနဲ့ ချီကြိုတင်ရောက်ရှိစောင့်ဆိုင်းနေတဲ့အခြေအနေရှိပြီး မထင်မှတ်တဲ့အနေအထားမှာ ပိတ်ဆို့ဖမ်းဆီး ခံရ တာကြောင့် အခုလို လူငယ်အများအပြားဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တတွေ ဒီဟာကို သတိမထားမိလိုက်တဲ့ပုံစံမျိုးရှိတယ်၊ကားကို စက်နိုးထားတဲ့ပုံစံမျိုးမဟုတ်ဘူး၊ ပုံမှန်ကားရပ်ထားတဲ့ပုံစံမျိုးပါပဲ”လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)ဥက္ကဌက ပြောပါတယ်။
အဲ့ဒီလို ကြိုတင်စောင့်ဆိုင်း ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ အခြေခံ ပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ -ဗဟို) ၊Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း တော်ကိုယ်ပိုင် ကျောင်း ကျောင်းသားများသမဂ္ဂ ၊Owl Community စတဲ့သပိတ်အဖွဲ့က အဖွဲ့ဝင်တွေနဲ့ အသက်မပြည့်သေးသူတွေအပါအဝင် လူငယ် ၁၅ ဦးကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သတင်းသမားနှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။လက်ရှိမှာ ဖမ်းဆီးခံရသူတချို့ စစ် ကြောရေးပို့ဆောင်ခံရပြီး ဖမ်းဆီးခံသပိတ်အဖွဲ့ဝင်တချို့ရဲ့ဖုန်းနဲ့ တခြားလွတ်မြောက်နေသူတွေကို ဆက် သွယ် တာမျိုးတွေလုပ်ဆောင်နေတယ်လို့လည်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)ရဲ့ဥက္ကဌက ပြောပါ တယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း ပန်းပင်ကြီးလမ်းမှာ ပြောက်ကျားသပိတ်လုပ်နေတဲ့ လူငယ်တွေ ကို စစ်ကောင်စီက ကားနဲ့တိုက် အကြမ်းဖက်ဖမ်းဆီးလို့ (၁၁)ဦးအဖမ်းခံရပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူ တွေထဲက အမျိုးသမီးတဦးကတော့ အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ကာလရှည်ကြာ ကုသမှုခံယူနေရပါတယ်။
အဲ့ဒီအကြမ်းဖက် ဖမ်းဆီးမှုဖြစ်စဉ်မှာလည်း ဖမ်းဆီးခံရသူတွေထဲသတင်းသမားနှစ်ဦးပါဝင်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးဟာ ရုပ်သံသတင်းထောက်ဖြစ်ပါတယ်။
ပုံစာ- ၂၀၂၁ ဒီဇင်ဘာ ၅ရက်က ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွဲခံရပုံ ( ပုံဟောင်း)